ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

ကြောက်မတ်ဖွယ်ရာ စစ်ပွဲဗျူဟာတွေ အသုံးပြုပြီး ရက်စက်သော ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ တရားမဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ နာကျင်စရာတွေဖြစ်နေရတယ်လို့ ကုလသမဂ္ဂ ထိပ် တန်း လူ့အခွင့်အရေး တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။

ဆယ်စုနှစ်ချီ စစ်တပ်လွှမ်းမိုးမှုကြောင့် မြန်မာ့အကျပ်အတည်း ဖြစ်နေရတာလို့ ဂျီနီဗာမြို့တော် အခြေစိုက် လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

“ခေါင်းဖြတ်သတ်တာ၊ ညသန်းခေါင်းယံ ဒရုန်းတိုက်ခိုက်တာ၊ လူနေအိပ်နေစဉ်မှာ နေအိမ်တွေကို မီးရှို့တာနဲ့ ထွက်ပြေးတဲ့သူတွေကို ပစ်ခတ်တာလိုမျိုး ကြောက်မတ်ဖွယ်ရာ စစ်ဗျူဟာဖြစ်စဉ်တွေ ကျွန် တော်တို့ ကြားနေရပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နယ်မြေထိန်းချုပ်မှု သိသိသာ လျှော့နည်းလာတာကြောင့် အဓမ္မ စစ်သားစု ဆောင်းတာ၊ မြို့တွေ၊ ရွာတွေကို ရမ်းသမ်းဗုံးကြဲတာလိုမျိုး ကြောက်မတ်ဖွယ်ရာ ရာဇဝတ်မှုတွေ ပိုမို ကျူးလွန်လာပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။

အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေ အပါအဝင် ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဆိုးရွားသောအခြေအနေကိုလည်း သူက မီးမောင်းထိုးပြ ခဲ့ပါတယ်။

“ရိုဟင်ဂျာတွေမှာ ရွေးချယ်စရာတွေ မရှိပါဘူး။ ရိုဟင်ဂျာတွေ ပြေးစရာနေရာ မရှိပါဘူး” လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

သူ့ရဲ့ အာဆီယံခရီးစဉ်အတွင်း အရေးပါသော သက်ဆိုင်သူတွေ အထူးသဖြင့် မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီလူငယ်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် မျှော်လင့်ချက် ကြီးမားပါတယ်။ သူတို့က မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုက်တန်တဲ့ အာရုံစိုက်မှု ရရှိချင်ကြပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; Systematic terror, brutal atrocities rife in Myanmar: UN human rights chief

#Ayeyarwaddy_Times