
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ယူကရိန်း ကာကွယ်ရေးလုပ်ငန်းအတွက် ငွေကြေးပံ့ပိုးကူညီမှု၊ F-16 ဂျက်တိုက်လေယာဉ်တွေအ တွက် အပိုအစိတ်အပိုင်းတွေပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် ၁၉ ကြိမ်မြောက် အကူအညီပေးရေး အစီ အစဉ်ကို ဒိန်းမတ်နိုင်ငံက ဇွန်လ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
ပထမအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ ဒီနှစ်နွေရာသီမှာ ယူကရိန်းနိုင်ငံသို့ ရောက်ရှိဖို့ စီစဉ်ထားပြီး နယ်သာလန်၊ ဘယ်လ်ဂျီယမ်နဲ့ နော်ဝေနိုင်ငံမှ အလားတူ ဂျက်တိုက်လေယာဉ်တွေရရှိဖို့ ယူကရိန်းက မျှော်လင့်နေပါတယ်။
လာမယ့် ၁၀ နှစ်အတွင်း ယူကရိန်းကို ပံ့ပိုးကူညီမယ့် ဒိန်းမတ်နိုင်ငံရဲ့ ကတိကဝတ် တစ်စိတ်တစ် ပိုင်းအဖြစ် ဒိန်းမိတ်ဟာ ယူကရိန်းစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုကို တိုက်ရိုက် ကူညီဖို့ အလှူမိုဒယ်လ် တစ်ခု ဖော်ဆောင်ခဲ့ပါတယ်။
၁၉ ကြိမ်မြောက် အကူအညီပေးရေးအစီအစဉ်ကြောင့် ယူကရိန်းက ဒေါ်လာ သန်း ၁၇၀ ကျော် ပမာဏကို သုံးစွဲခွင့်ရလာမှာဖြစ်ပါတယ်။
“ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ ၂ နှစ်ကျော်ရှိလာခဲ့ပြီး စစ်မြေပြင်အခြေအနေဟာ ဆိုးရွား ပါတယ်” လို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကဲရက်မူဆန်က ပြောပါတယ်။
ယူကရိန်း စစ်လက်နက်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာဟာ ရေရှည်မှာ ယူကရိန်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပံ့ပိုးကူညီတဲ့ ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်လို့ ၎င်းက ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း ယူကရိန်းရန်ပုံငွေအ ဖြစ် စစ်ရေးအကူအညီပေးဖို့ ဒေါ်လာ ၉ ဘီလီယံကျော် ခွဲဝေသတ်မှတ်ပြီးဖြစ်ပါတယ်။
ကိုးကား – Kyiv Independent
Ref; Denmark announces new aid package for Ukraine focused on F-16s, defense industry
#Ayeyarwaddy_Times