
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ဧရာ၀တီတိုင်း ဓနုဖြူမြို့တွင် ဇွန်လ ၁၉ရက်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် လူမှုကွန်ယက်မှ ဆုတောင်းပေးသူ ဒေသခံ ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးစစ်ဆေးနေကြောင်းသိရှိရသည်။
“နေ့လည် ၁၀နာရီလောက်ပဲ facebookမှာ ပန်းပန်ပြီး မွေးနေ့ဆုတောင်းတင်တယ်ဆိုပြီး ၁၂ရပ်ကွက်က အစ်မတစ်ယောက်ကိုလာခေါ်သွားတယ်။ တစ်ခြား အဖမ်းခံရသူတွေလဲရှိတယ် အမျိုးသမီးတွေများတယ်”ဟု မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အမျိုးသမီး ငါးဦးဖမ်းဆီးထားပြီး ဓနုဖြူ ရဲစခန်းတွင် စစ်ဆေးနေကြောင်းသ်ိရှိရပြီး ဇွန်လ၂၀ရက်နေ့ အထိပြန်လည်လွှတ်ပေးခြင်းမရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များသည် ပန်းပန်၍ လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်သူများ ၊ မွေးနေ့ဆုတောင်းပေးသူများကို ဓါတ်ပုံနှင့်တကွ ဖမ်းဆီးရန်စစ်ကောင်စီကို လှုံဆော်စေခိုင်းမှုများပြုလုပ်ခဲ့ကြသည်။
#ဓနုဖြူမြို့ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #လူမှုကွန်ရက်ပေါ် #ဆုတောင်း #ဒေသခံ၅ဦး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times