ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၁ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီးတွင် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၃၀ သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ထံက သိရ သည်။

အင်အား တစ်ရာကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခန့်အချိန်မှစ၍ ညနေ ၃ နာရီကျော် အထိ ယာဖူးကျေးရွာအုပ်စု ၊မျောက်ချောရွာအနီးတွင်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“တိုက်ပွဲက မနက် ၈ နာရီ ကတည်းက စဖြစ်တာဗျ။ညနေ ၃ နာရီ ကျော်မှ ပီးတာ ။ကြာချိန်က ၇ နာရီကျော်လောက်ရှိတယ်ဗျ။ကျွန်တော်တို့ဘက်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်တာ။သူတို့ (စစ်ကောင်စီ) ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။ နှစ်ဖက်စလုံး အနီးကပ် ကို ပစ်ကြတာ။ဒီတိုက်ပွဲက တော်တော်ကြီးတဲ့ ပွဲလို့ ပြောလို့ရသည်”ဟုမွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့် ရှိသူ နိုင်နဂါးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် နှစ်ဦး၊ ABSDF တစ်ဦးနှင့် ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်က PDF တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်စဥ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်များ ကိုင်ဆောင်သည့် MA 2 စက်ကလေးတစ်လက်ရရှိခဲ့ ကြောင်းသိရသည်။

ယင်းနောက် အထိနာနေသည့် စစ်ကောင်စီတပ်က မျောက်ချောရွာကို လေယာဉ်နှင့်ဗုံးကြဲပြီး ခလရ ၂၈၂ တပ်ရင်းမှ လက်နက်ကြီးပစ်ကူ ပေးကာ ရွာကိုမီးရှို့ခဲ့သည့်အတွက် မျောက်ချောရွာမှ နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးကြောင်း ဒေသခံများထံက သိရသည်။

” တိုက်ပွဲ ဖြစ်တာက ရွာထဲမှာ မဟုတ်ဘူး။ ရွာအပြင်မှာဖြစ်ကြတာ ။ အဲဒါကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတာ ရွာထဲကိုကျတယ်။ လက်နက်ကြီးနဲ့ ပစ်တာလည်း ထိတယ်။ ပြီးတော့ ရွာထဲကို စစ်တပ်က ဝင်လာပြီး နေအိမ်တွေကို မီးရှို့သွားတာ။ရှိတာက မှ အိမ်ခြေက တစ်ရာလောက်ပဲ့ရှိတာ။ အခုက လေးဆယ်လောက်မီးလောင်သွားတယ်”ဟု ရာဖူးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည် ဇွန်လ ၇ ရက်နေ့ကစ၍ ရာဖူးကျေးရွာ နှင့် အနီးရှိရွာများတွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များတိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြရပြီး အနည်းစုသာကျေးရွာထဲတွင် နေထိုင်ကြကြောင်း သိရသည်။

အဆိုပါ မျောက်ချောရွာတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် MSRFနဲ့အတူ မဟာမိတ်များဖြစ်သည့် ဒေါနစစ်ကြောင်း၊ ABSDF၊ KPDF၊ YGF၊ ရေးသိမ်းငှက်၊Air Force – YAF ၊ NMSP -AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

လက်ရှိအချိန်တွင် မျောက်ချောရွာအတွင်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ကာ နေအိမ် တွေကို မီးရှို့နေသည့်အတွက် ဒေသခံများအနေဖြင့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရေး-ထားဝယ်လမ်းပိုင်းတလျှောက်တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာနေပြီးအချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ကြရန် တော်လှန်ရေးအဖွဲ့များကသတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MSRF
#ကလိန်အောင် #ရာဖူးရွာတိုက်ပွဲ #စစ်ကောင်စီ ၃၀သေဆုံး #PDFရဲဘော်၄ဦးဒဏ်ရာရ #Ayeyarwaddy_Times