ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ၂၄ နှစ်အ တွင်း မြောက်ကိုရီးယားသို့ သူ့ရဲ့ ပထမဆုံးခရီးစဉ် ဖြစ်လာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပူတင်က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံ အန်နဲ့ ပူတင်တို့ဟာ ပြုံယမ်းမြို့မှာ ထိပ်သီးဆွေးနွေးပွဲကျင်းပကာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ခရီးစဉ်မတိုင်မီ မြောက်ကိုရီးယား အာဏာရပါတီရဲ့ အာဘော်သတင်းစာမှာ ပူတင်အကြောင်း ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။

စီးပွားရေးဖိအားပေးမှုနဲ့ အမေရိကန်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကနေ ခုခံကာကွယ်နိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံကို ပူတင်က ချီးကျူးခဲ့ပါတယ်။

ပူတင်ကို ကြိုဆိုဖို့ ပြုံယမ်းမြို့တော်မှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြုံယမ်းမြို့ တော်ရှိ အဓိကလမ်းမကြီးတွေမှာ ပူတင်နဲ့ ရုရှားအလံပုံတွေကို တန်းစီထားတဲ့ပုံတွေကို ရုရှားမီဒီယာတွေ က ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်နေသလို တရုတ်နဲ့ ဆက်ဆံရေးကို လည်း ထိန်းထားတယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားတို့နဲ့ “စစ်အေးကာလသစ်” ပြိုင်ဆိုင်မှာ ဖြစ်ပွားနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။

ပူတင်ဟာ မြောက်ကိုရီးယားမှ ဗီယက်နမ်သို့ နှစ်ရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်ကာ ကုန် သွယ်ရေး၊ စီးပွားရေးကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို ဆွေးနွေးမှာဖြစ်ပါ တယ်။

ကိုးကား – NHK
Ref; Putin arrives in North Korea
#Ayeyarwaddy_Times