ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ထိုင်းနိုင်ငံကို သက်ရောက်စေတဲ့ မရေမတွက်နိုင်သော နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကြောင့် မြန် မာ့အရေးဟာ ထိပ်တန်းဉီးစားပေးတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပေါင်ဆာ က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်မှုကို ထပ်လောင်းအတည်ပြုတဲ့ အချက် ၅ ချက်ပါ မူဝါဒအဖြေရှာမှုကိုလည်း ၎င်းက အသေးစိတ်ရှင်းပြခဲ့ပါတယ်။ လာမယ့်သီတင်းပတ် တွေ၊ လတွေအတွင်း မြန်မာအကျပ်အတည်းက သူ့ရဲ့ခေါင်းဆောင်မှု အရည်အသွေးနဲ့ ပရော်ဖက်ရှင် နယ်ဆန်မှုကို တိုင်းတာလာပါမယ်။

ပထမဦးစားပေးလုပ်ငန်းက ထိုင်းနိုင်ငံနဲ့ ဒေသတွင်းအပေါ် အကျိုးသက်ရောက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ဖြစ်တယ်လို့ မာရစ်က ပြောပါတယ်။

ထိုင်းနဲ့ အာဆီယံအဖွဲ့က သက်ဆိုင်သူအားလုံး လက်သင့်ခံသော အဖြေတစ်ခု ဆက်လက်ရှာဖွေနေလို့ မြန်မာနဲ့ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်တွေဟာ အရေးတကြီး ဆွေးနွေးရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်အရှည်လျားဆုံး ထိစပ်နေတာကြောင့် စစ်ပွဲကြောင့် ထိ ခိုက်သေဆုံးမှုတွေ၊ စစ်ဘေးရှောင်တွေ၊ မူးယစ်ဆေးဝါး၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေ လိုမျိုး မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အကျိုးဆက်တွေကို ကုန်းရုန်းခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေအနေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအတွက် ဖိစီးမှု ဖြစ်ခဲ့ရပါတယ်။ ယနေ့အချိန်မှာ ထိုင်းနိုင်ငံဟာ နယ်စပ်တစ်လျှောက် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာ ခဲ့သော ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံရမှာဖြစ်ပါတယ်။

နယ်စပ်အခြေအနေကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံဟာ ဘက်စုံပါဝင်သော မူဝါဒတွေ ဆက်လက်ကျင့် သုံးမယ်လို့ မာရစ်က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့နဲ့ နယ်နိ မိတ်ချင်း ထိစပ်နေပါတယ်။

အရှုပ်ထွေးဆုံးပြဿနာမှာ လက်ရှိ ထိုင်း-မြန်မာ နယ်စပ်အခြေအနေဖြစ်ပြီး နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်တွေ ပါဝင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကရင်၊ ရှမ်း၊ က ယား၊ ချင်းနဲ့ မွန်လိုမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တည်ရှိတာကို ဖော်ပြစရာ မလိုပါ ဘူး။

နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေ အပါအဝင် မြန်မာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် နယ် စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့လို့ ထိုင်းမူဝါဒချမှတ်သူတွေ အဖြေရှာခဲ့ရပါတယ်။ ထိုင်း ကွန်ဒိုတွေအတွက် မြန်မာအရောင်းကိုယ်စားလှယ် ၆ ဉီးကို စစ်ကောင်စီရဲ့ မကြာသေးမီ ဖမ်းဆီးမှုက ထိုင်းအာဏာပိုင်တွေကို အံ့အားသင့်စေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ထိုင်းကွန်ဒိုတွေကိုဝယ်ယူတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ရုရှားတွေ ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံသားတွေပြီးရင် ဒုတိယနေရာအထိ မြန်ဆန်စွာ ရောက်ရှိလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံသို့ထွက်ပြေးတဲ့ မြန်မာလူငယ်တွေဟာ ထောင် နဲ့ချီ ရောက်ရှိလာခဲ့ပြီး တတိယတိုင်းပြည်တစ်ခုမှာ အခြေချနေထိုင်မယ့် အခွင့်အရေးတွေက နည်းပါး လွန်းပါတယ်။

တက်ခ်၊ ကန်ချနဘူရီ၊ မယ်ဟောင်ဆန်ပြည်နယ်တွေမှာ ဆယ်စုနှစ် ၃ ခုကြာအောင် နေထိုင်ခဲ့ပြီး တတိယတိုင်းပြည်တွေမှာ အခြေချနေထိုင်ဖို့ အခွင့်အရေးမရှိတော့တဲ့ မြန်မာဒုက္ခသည် ၈၀၀၀၀ ရဲ့ ကံ ကြမ္မာနဲ့ပတ်သက်လို့ ထိုင်းအစိုးရက မကြာမီ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရတော့မှာဖြစ်ပါတယ်။

မြန်မာ့အခြေအနေ မပြောင်းလဲဘဲ ခိုလှုံခွင့်တောင်းခံသူတွေ များပြားနေသရွေ့ နယ်စပ်က ရှိယင်း စွဲအဆောက်အအုံတွေ မနိုင်မနင်းဖြစ်မှာကို ထိုင်းအစိုးရက ကြောက်ရွံ့ပါတယ်။ မြန်မာ့အရေးနဲ့ပတ် သက်လို့ အရေးကြီးဆုံးက ထိုင်းနိုင်ငံဟာ အာဆီယံမူဘောင်မှတစ်ဆင့် သံတမန်ရေးရာ အဖြေရှာဖို့ တွန်း အားပေးမယ်လို့ မာရစ်က ဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်တွေနဲ့အတူ တိတ်တဆိတ် သံခင်းတမန်ခင်းကို ကျင့်သုံးခဲ့ပါတယ်။ Pheu Thai ပါတီဉီးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရရဲ့အခန်းကဏ္ဍက ပိုပြီး သိသာလာခဲ့ပါတယ်။ လက်ရှိ စစ်မြေပြင်အခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ မြန်မာတစ်နိုင်ငံလုံးကို အလုံးစုံ ထိန်းချုပ်နိုင်မယ့် ထွက်ပေါက်မဟာဗျူ ဟာတွေကို စဉ်းစားနေရပြီဖြစ်ပါတယ်။

လက်တွေ့ကျသော ထွက်ပေါက် မဟာဗျူဟာတစ်ခုမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံက ချပြ ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီယန်ကျင်းမြို့တော်မှာ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမှာ ဖြစ်လို့ လာမယ့်သီတင်းပတ်တွေဟာ စစ်ကောင်စီအတွက် စိတ်စေတနာကောင်းပြသဖို့ အရေးပါလာပါ လိမ့်မယ်။

ပြည်သူအပေါ် အကြမ်းဖက်တာရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပဋိပက္ခဘေး သင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ဟာ အာဆီ ယံအဖွဲ့ရဲ့ အခြေခံ တောင်းဆိုချက်တွေဖြစ်ပါတယ်။ ထိုတောင်းဆိုချက်တွေက မြန်မာစစ်ကောင်စီရဲ့ အာ ဆီယံအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှု ဖြစ်စေနိုင်သလို ချိုးဖျက်မှုလည်း ဖြစ်စေနိုင်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ လက်ရှိ၊ အတိတ်နဲ့ အနာဂတ် အလှည့်ကျဉက္ကဌတွေဖြစ်တဲ့ လာအို၊ အင်ဒိုနီးရှား နဲ့ မလေးရှားတို့နဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ Troika အစည်းအဝေးကျင်းပဖို့ လာအိုနိုင်ငံက စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံ ဉက္ကဌဟောင်းနဲ့ အနာဂတ်ဉက္ကဌတို့က လက်ရှိ အာဆီယံဉက္ကဌကို ဘယ်လိုကူညီ မယ်ဆိုတာနဲ့ အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ် ရှေ့ဆက်လုပ်ဆောင်ဖို့ အကြံပေးအဖြစ် သို့မဟုတ် သီး ခြားတာဝန်ယူမယ် ဟုတ် မဟုတ်တော့ မသိရသေးပါဘူး။

အရေးပါတဲ့ကိစ္စရပ်တစ်ခု ကျန်ရှိနေပါသေးတယ်။ အာဆီယံဉက္ကဌ လာအိုနိုင်ငံက ဗီယန်ကျင်းမြို့ မှာကျင်းပမယ့် ဝန်ကြီးအဆင့် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ်မဟုတ်သူ ကို ဖိတ်ကြားမည်လား? ဇန်နဝါရီလကုန်က လွမ်ပရာဘန်မြို့မှာကျင်းပတဲ့ အာဆီယံ အစည်းအဝေး တက်ရောက်ဖို့ လာအိုနိုင်ငံက မြန်မာ အကြီးတန်းတာဝန်ရှိသူကို ဖိတ်ကြားခဲ့ပါတယ်။

မြန်မာပဋိပက္ခဘေးသင့် ကျေးရွာသားတွေအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအကူအညီ ဆက်လက်ပြီး ပံ့ပိုးကူညီဖို့ မာရစ်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဧပြီလနောက်ပိုင်း ထိုင်းနဲ့မြန်မာ ဟာ ဘေးသင့်ကျေးရွာတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်မယ့် နှစ်နိုင်ငံ သဘောတူညီ ချက်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ပါတယ်။

လာမယ့်ရက်တွေအတွင်း စစ်ကောင်စီအပြင် အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ တိုင်းပြည်တွေကနေ ငွေကြေးထောက်ပံ့မှုတွေ ပိုမိုရရှိမယ်လို့ မျှော်လင့်ရပြီး အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး စင်တာက အခြေခံအားဖြင့် ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးမှုကို စီမံခန့်ခွဲမှာဖြစ်ပါတယ်။ စစ်ကောင်စီက အာဆီယံအဖွဲ့ရဲ့ အစီအစဉ်တွေကို ပိုပြီး ပူးပေါင်းဆောင်ရွက်ရင် လူသားချင်းစာနာမှု အကူအညီတွေ ပိုမို ရသင့်ပါတယ်။ အခြေအနေပေးပါက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အလှူရှင်များ ညီလာခံတစ်ရပ် ကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံက သက်ဆိုင်သူအားလုံးကြား တွေ့ဆုံဆွေးနွေးမှုတွေကို အားပေး ပါတယ်။ Pheu Thai ပါတီဉီးဆောင်တဲ့ ထိုင်းအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံ ဖို့ လမ်းဖွင့်ပေးထားပါတယ်။ လက်ရှိ ထိုင်းအစိုးရလက်ထက်မှာ ယခင်အစိုးရလက်ထက်လောက် မြန်မာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု မရှိတော့ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက မြန်မာပဋိပက္ခ အဆုံးသတ်ရေးမှာ သူ့ကို စေ့ စပ်ညှိနှိုင်းသူတစ်ဉီးအဖြစ် ခန့်အပ်ဖို့ ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ရဲ့ ကြိုးပမ်းမှုက ရုပ်ပျက်ဆင်း ပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သက်ဆင်ရဲ့လုပ်ရပ်က ထိုင်းနိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ သံတမန်ရေးကြိုးပမ်းမှု တွေကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။

အနာဂတ်မှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက နယ်စပ်မှာ စစ်ဘေး သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ ပိုမို လုပ်ဆောင်လာနိုင်မှာဖြစ် ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ အဖွဲ့အစည်းအချို့နဲ့ ဆာဆာကာဝါဖောင်ဒေးရှင်းတို့ ဟာ အကူအညီပေးခွင့်ပြုထားတဲ့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဆိုင်ကလုန်း နာဂစ်နဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးမှာ ရရှိခဲ့တဲ့ အတွေ့အကြုံကြောင့် မြန်မာစစ်ကောင်စီ ဟာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကို မယုံကြည်ပါဘူး။

ဇွန်လ ၁၈ ရက်က Bangkok Post သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Kavi Chongkittavorn ရဲ့ Thailand recharges Myanmar policy ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

#Ayeyarwaddy_Times