
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းပန်သည့်သူများနှင့် ပန်းပန်သည့်ပုံတင်သူများကို စစ်ကောင်စီက အဓမ္မဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ပန်းပန်၍ဂုဏ်ပြုမှုများရှိနေသဖြင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်တလောတွင် ပန်းပန်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၂၂ ဦးကျော်အထိ ရှိနေပြီး မန္တလေးမြို့မှ ဖမ်းဆီးခံရသူများပြားကြောင်း သိရသည်။
“လောလောဆယ် မန္တလေးကကြီးပဲ ၂၂ ယောက် အဖမ်းခံထားရတယ်။ အရေးယူမှု ကတော့ သေချာမသိရသေးဘူး”ဟု မန္တလေးမြို့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုဖမ်းဆီးခံရသူ အများစုသည် ပန်းပန်ထားသည်ပုံများ၊ ပန်းစည်ပုံများ လူမှုကွန်ရက် တွင် တင်ခဲ့သူများ ဖြစ်ပြီး စစ်တပ်ထောက်ခံချန်နယ်များမှနေ၍ ပန်းပန်ထားသည့် ပုံများကို ဖော်ပြ၍ ဖမ်းဆီးရန်စေခိုင်းမှုများ ရှိနေသည်ကို တွေ့ရသည်။
ပုံစာ- ပန်းပန်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူများ
#နိုင်ငံတော်အတိုင်ပင်ခံ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့အထိမ်းအမှတ် #ပန်းသပိတ် #ပန်းပန်ထားသူများ #ပန်းပုံတင်သူများ #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times