ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
အာရှ-ပစိဖိတ်ဒေသမှ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ တောင်တရုတ်ပင်လယ် အတွင်း အန္တရာယ်များသောလုပ်ရပ်တွေ တရုတ်နိုင်ငံက လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ ဖိလစ်ပိုင် နိုင်ငံက စွပ်စွဲလိုက်ပါတယ်။
အငြင်းပွားရေပိုင်နက်အတွင်း တရုတ်ရေယာဉ်တွေက ဖိလစ်ပိုင်သင်္ဘောတစ်စင်းရဲ့ ထောက်ပံ့ ရေးမစ်ရှင်ကို အနှောင့်အယှက်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောကြားပြီးနောက် အမေရိကန်နိုင်ငံက အခုလို စွပ်စွဲမှုပြုလုပ်လိုက်တာပါ။
ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲဟာ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုနဲ့ တနင်္လာနေ့က ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ တာဝန်မဲ့သောလုပ်ရပ်တွေကို စိုးရိမ်မိကြောင်း ၎င်းတို့နှစ်ဉီးက ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီး က ဆိုပါတယ်။
Second Thomas ကျွန်းပေါ်ရှိ စစ်ဘက်ကင်းစခန်းတစ်ခုသို့ ပို့ဆောင်ရေးမစ်ရှင် ဆောင်ရွက်နေ တဲ့ ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို တရုတ်ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရေကြောင်းတပ်ဖွဲ့ရေယာဉ် တွေက နှောင့်ယှက်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
တရုတ်စစ်ရေယာဉ်တွေရဲ့လုပ်ရပ်ကြောင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တစ်ဉီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ တယ်လို့ ဖိလစ်ပိုင်ရေတပ်က ပြောပါတယ်။
အဆိုပါကျွန်းစုဝန်းကျင်ရှိ ရေပိုင်နက်ကို ဖိလစ်ပိုင်နိုင်ငံက ထိန်းချုပ်ထားပေမယ့် တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင် ထောက်ပို့ရေယာဉ်က ကျွန်းအနီး ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင် ရောက်ကာ တရုတ်သင်္ဘောတစ်စင်းကို ချည်းကပ်ခဲ့လို့ အနည်းငယ်တိုက်မိခဲ့တယ်လို့ တရုတ် ကမ်းခြေ စောင့်တပ်ဖွဲ့က ပြောပါတယ်။
မတ်လအတွင်းကလည်း တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က တောင်တရုတ်ပင်လယ်အတွင်း ဖိလစ် ပိုင်သင်္ဘောတွေကို ရေအမြောက်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; US, Philippines condemn Chinese action in South China Sea
#Ayeyarwaddy_Times