
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း နျူကလီးယားလက်နက် ၅၀ အထိ ထုတ်လုပ်ခဲ့ ပြီး အဲဒါပမာဏထက်ပိုပြီး ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု့ (SIPRI) က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ နျူကလီးယားအစီအစဉ်ဟာ အမျိုးသား လုံခြုံရေး မ ဟာဗျူဟာမှာ အဓိက ကျနေဆဲဖြစ်ပါတယ်လို့ SIPRI က ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေမှာ အသုံးပြုဖို့ ပလူတိုနီယမ်တွေ ထုတ် လုပ်ခဲ့ပေမယ့် နျူကလီးယားလက်နက်တွေအတွက် သန့်စင်ပြီး ယူရေနီယမ်တွေလည်း ထုတ်လုပ်နေ တယ်လို့ ယူဆရပါတယ်” လို့ SIPRI က ဆက်ပြောပါတယ်။
ပြီးခဲ့နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် ၃၀ အထိ ထုတ်လုပ်ခဲ့တယ် လို့ SIPRI က ခန့်မှန်းခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း နျူကလီးယားလက်နက်တွေ ခြောက်ကြိမ် စမ်းသပ်ခဲ့ပြီး သူ့ရဲ့ဒုံးကျည်တွေက ကမ္ဘာပေါ်မှာ ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ဇန်နဝါရီလအထိ ၁၂၁၂၁ ခု ရှိခဲ့ပြီး လွန်ခဲ့ သောတစ်နှစ်က နျူကလီးယားထိပ်ဖူး ၁၂၅၁၂ ခုထက် လျှော့နည်းခဲ့တယ်လို့ SIPRI က ပြောပါတယ်။
အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနဲ့ အစ္စရေး တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်သောတိုင်းပြည်တွေလို့ SIPRI က ဆိုပါတယ်။
အမေရိကန်နဲ့ရုရှားနိုင်ငံတို့က ကမ္ဘာပေါ်ရှိ နျူကလီးယားလက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ကိုးကား – RFA
Ref; North Korea estimated to possess up to 50 nuclear weapons: think tank
#Ayeyarwaddy_Times