
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
သေနတ်သမားတစ်ဉီးက အမေရိကန်နိုင်ငံ၊ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ်က ပန်းခြံ တစ်ခုမှာ ပစ်ခတ်မှုပြုလုပ်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် လူ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒက်ထရွိုက်မြို့အနီးက ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ ဒဏ်ရာရရှိသူတွေအ နက် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးက စိုးရိမ်ရတဲ့အခြေအနေလို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားလို့ယူဆရသူ အသက် ၄၂ နှစ်အရွယ် သံသယရှိသူကို နောက်ပိုင်းမှာ သူ့ရဲ့အိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။
သေနတ်သမားလို့ သံသယရှိသူနဲ့ ဒဏ်ရာရရှိသူတွေကြား မည်သည့်ပတ်သက်မှုမျှ မတွေ့ရှိခဲ့ဘူး လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆတ်ပြည်နယ်က ပန်းခြံတစ်ခုမှာ သေ နတ်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ ပါတယ်။
အမေရိကန်နိုင်ငံမှာ ကျေးကျွန်ပြုမှု အဆုံးသတ်ခဲ့မှုကို ဂုဏ်ပြုကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ကိုးကား – NHK
Ref; Shooting in Michigan park wounds 9, including 2 children
#Ayeyarwaddy_Times