ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ယမန်နေ့က ရုတ်တရက် ကွယ်လွန်ခဲ့ရာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း တရုတ်နိုင်ငံမှာ ကွယ်လွန်တဲ့ စတုတ္ထမြောက် သံအမတ်ကြီး ဖြစ်လာခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါ တယ်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေကို ပြီးခဲ့တဲ့စနေနေ့က အစည်းအဝေးမှာ နောက်ဆုံး မြင်တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ဒေသန္တရ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ယူနန်ပြည်နယ်အတွင်း ခရီးသွားနေစဉ် နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့ တာဖြစ်တယ်လို့ သံတမန်တွေနဲ့ သတင်းတွေက ဖော်ပြပါတယ်။

ဦးမျိုးသန့်ဖေကို ၂၀၁၉ ခုနှစ်အကုန်မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူလူထုဘက် မရပ်တည်ဘဲ စစ်ကောင် စီလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံဆိုင်ရာ အခြားပြည်ပသံတမန်သုံးဦးလည်း ရုတ်တရက် ကွယ်လွန်ခဲ့တယ် လို့ သိရပါတယ်။ အသက် ၅၄ နှစ်အရွယ် ဂျာမနီသံအမတ်ကြီး ဂျန်ဟက်ကာဟာ ပေကျင်းမြို့တော်မှာ တာဝန် ကျပြီး သီတင်းနှစ်ပတ်အတွင်း စက်တင်ဘာလအတွင်း ကွယ်လွန်ခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် ယူကရိန်းသံအမတ်ကြီး ဆာဟစ်ကာမီရှက်ဗ်က ပေကျင်း ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲသို့ သွားရောက်ပြီးနောက် ဖေဖော်ဝါရီလအတွင်း ကွယ်လွန်ခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးဆန်တီယာဂိုဟာ ဧပြီလအတွင်း တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်မှာ ကွာရန်တင်းဝင်နေစဉ် ကွယ်လွန်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Myanmar ambassador to China died on Sunday: Sources