
ဩဂုတ်လ ၈ ရက်
နယ်မြေမငြိမ်သက်ဖြစ်နေသည့်ကြားမှ ကနီမြို့နယ် ကျေးရွာ တစ်ရွာ၌ ၃၄ နှစ်မြောက် ၈ လေးလုံးလူထုအရေးတော်ပုံ အောက်မေ့အမှတ်တရ အခမ်းအနားတွင် “၈ လေးလုံးက ပြည်သူ့တိုက်ပွဲ ၂၂ မှာ အပြီးဆင်နွှဲစို့” ဟူ၍ စာသားကိုကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်ကို ဒီကနေ့ ဩဂုတ် ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထို့ပြင် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး သွားသည့် အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ဦးညွတ်အလေးပြုခြင်း ၊ ကျဆုံးသွားသောအာဇာနည်သူရဲကောင်း အားလုံးတို့အား သတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း ၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်းများပြုလုပ်ခဲ့သည်။
ဓာတ်ပုံ-ပေးပို့