
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ယူကရိန်းအတွက် စစ်ရေးအကူအညီ ညှိနှိုင်းဆောင်ရွက်ရာမှာ ပိုမိုကြီးမားသော အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင်ဖို့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေက ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပတဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ သဘောတူခဲ့ပါတယ်။
ယူကရိန်းသို့ စစ်လက်နက်နဲ့ ငွေကြေးပံ့ပိုးမှု နှောင့်နှေးကြန့်ကြာမှုက ပြဿနာတစ်ခုဖြစ်စေလို့ ရေရှည်မှာ လေ့ကျင့်မှုနဲ့ စစ်လက်နက်ဝယ်ယူရေးပြုလုပ်မယ့် အစီအစဉ်တစ်ရပ်ကို ဆွေးနွေးဖို့ အစည်းအ ဝေးကို ကျင်းပတာလို့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေက ပြောပါတယ်။
ဂျာမနီနိုင်ငံရှိ ကွပ်ကဲရေးစခန်းတစ်ခုမှာ တပ်ဖွဲ့ဝင် ၇၀၀ ခန့် ထားရှိဖို့နဲ့ နောက်လအတွင်း ဝါရှင် တန်မြို့တော်မှာကျင်းပမယ့် နေတိုးအဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ အသေးစိတ်ကို အပြီး သတ်ဆွေးနွေးဖို့ ၎င်းတို့က မျှော်လင့်နေပါတယ်။
ထိုကြိုးပမ်းမှုတွေက နေတိုးအဖွဲ့ကို ပဋိပက္ခမှာ ပါဝင်စေမှာမဟုတ်ပေမယ့် ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ရေးအတွက် ယူကရိန်းသို့ ပံ့ပိုးကူညီမှု တိုးမြှင့်လာနိုင်မယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစတိုတန်ဘဂ့်က ပြောပါတယ်။
ယခုအချိန်ဟာ ယူကရိန်းနိုင်ငံ ရှင်သန်ရေးအတွက်သာမက နေတိုးအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအ တွက်ပါ အရေးကြီးသောအချိန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးတွေက ပြောပါတယ်။
ယူကရိန်းသို့ ဒေါ်လာ ၄၀ ဘီလီယံ နှစ်စဉ် ထောက်ပံ့ဖို့ စတိုတန်ဘဂ့်ရဲ့ အဆိုပြုချက်ကို နေတိုး အဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေက သဘောတူနိုင်စွမ်းမရှိသေးဘူလို့ သိရပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုမြို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ အနောက်နိုင်ငံတွေဟာ ကမ္ဘာကြီးကို နောက်ပြန်လှည့်မရတဲ့ အခြေအ နေရောက်အောက် တွန်းပို့နေတယ်လို့ ပြောပါတယ်။
မည်သူကမှ ပူတင်ရဲ့စကားကို မယုံကြည်သင့်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုက ယူကရိန်းဘက်က ရပ်တည်တာကို ပူတင်က သိရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – NHK
Ref; NATO pledges greater commitment to support Ukraine
#Ayeyarwaddy_Times