
ဧရာဝတီတိုင်းမ်
မေ ၁၄ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီစခန်း သုံးခုနှင့် ဗျူဟာတစ်ခုကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
AA သည် ဇွန် ၁၀ရက်နေ့တွင် နယ်ခြားစောင့်စခန်နခခ-၄ တပ်ရင်းဌာနချုပ်နှင့် အလယ်သံကျော်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ ဇွန် ၁၃ရက်နေ့တွင် မောရဝတီဗျူဟာနှင့် နားခေါင်းတိုစခန်းတို့ကို ထပ်မံ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့စခန်းများကိုသိမ်းယူရာတွင် မောရဝတီဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီ ၂၀၀ကျော်သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်ကလည်း မောင်တောရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ နခခ ၆ အင်းဒင်စခန်း၊ နခခ ၉တို့ကို AAက သိမ်းယူခဲ့သည်။
တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” ကို စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံး အဆောင် ပစ္စည်းများကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရ မိခဲ့သည်ဟု AA ကဆိုသည်။
အာရက္ခတပ်တော် (AA) သည် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျှက်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေ၍ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#မောင်တော #စစ်ကောင်စီ #နယ်ခြားစောင့်စခန်း #ဗျူဟာစခန်း #ဗျူဟာမှူး #၂၀၀ကျော်သေဆုံး #Ayeyarwaddy_Times