
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေအတွက် ထပ်တိုး လူသားချင်းစာနာမှု အကူအညီ ဒေါ် လာ သန်း ၄၀၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေ ညာလိုက်ပါတယ်။
ဇွန်လ ၁၁ ရက်က ဂျော်ဒန်နိုင်ငံမှာကျင်းပတဲ့ ညီလာခံတစ်ခုမှာ အန်တိုနီဘလင်ကန်က ပါလက် စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အခုလို ကြေညာခဲ့တာပါ။
ဒေါ်လာ ၄၀၄ သန်းတန်ကြေးရှိ လူသားချင်းစာနာမှု အကူအညီကို စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ နေစရာတွေထောက်ပံ့ဖို့ သုံးစွဲသွားမယ်လို့ သိရပါတယ်။
အကူအညီပေးပို့ရာမှာရာ အဟန့်အတားတွေကို ဖြေရှင်းနိုင်ဖို့ ဂါဇာဒေသသို့ ဝင်ရောက်နိုင်မယ့် နောက်ထပ် စစ်ဆေရေးဂိတ်တွေ ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့လတွေအတွင်း အရေးပါသောခြေလှမ်းအချို့ အစ္စရေး က လုပ်ဆောင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့ဟားမာစ်အဖွဲ့ကြား စစ်ပွဲရပ်ဆိုင်းဖို့ လုပ်ဆောင်စရာတွေ ကို လုပ်ရမယ်လို့ သူက ဆက်ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ လျှော့ချနိုင်ရေး အစီအမံတွေဆောင်ရွက်ဖို့ အန်တိုနီဘလင် ကန်က အစ္စရေးနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – NHK
Ref; Blinken announces additional $400 mil. in aid to Palestinians
#Ayeyarwaddy_Times