ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် ၊ကျောင်းကွင်းကျေးရွာမှ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီး ခံထားရသူ အမျိုးသားတစ်ဦး၏ နေအိမ်နှင့်ခြံကိုဇွန်လ ၁၁ရက်နေ့က လာရောက်ချိပ်ပိတ်သွားကြောင်း သတင်းရရှိသည်။

“PDFတွေကိုထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲခံရတာ သာမာန်လက်လုပ်လက်စားပါ။ လူလည်းအဖမ်းခံထားရသေးတယ် အိမ်ကိုပါ ချိပ်လာပိတ်တာ”ဟုဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အိမ်ချိပ်ပိတ်ခံရသူမှာ ကိုအောင်ရဲထွဋ်ဆိုသူဖြစ်ပြီး ၂၀၂၃ခုနှစ်ကုန်ပိုင်းတွင် စစ်ကောင်စီ တပ်နှင့်ရဲများက PDFအဖွဲ့ကို ထောက်ပံ့သည်ဟု ဒေသခံများကို စွပ်စွဲဖမ်းဆီးရာတွင်ပါ၀င် ခဲ့ပြီး ယခုအချိန်ထိ အကြမ်းဖက်ပုဒ်မများတပ်ကာ ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရှိရသည်။

ဟင်္သာတမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့သောကြောင့်တိမ်းရှောင်နေရသော ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီသည်ဟုစွပ်စွဲ ထားသူများ၏ နေအိမ် စုစုပေါင်း ၅၀ကျော်ကိုစစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားကြောင်းဒေသခံများထံမှသိရသည်။

#ဟင်္သာတမြို့တွင် #PDFကိုထောက်ပံ့သည် #စွပ်စွဲဖမ်းဆီးခံထားရသူ၏ #နေအိမ်နှင့်ခြံကို #စစ်ကောင်စီချိပ်ပိတ် #Ayeyarwaddy_Times