ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာ၊ လုပ်သားရှားပါးတာနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းလာလို့ စီး ပွားရေးလုပ်ဖို့ ပိုခက်ခဲလာတာကြောင့် ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ၁ ရာခိုင်နှုန်းဝန်းကျင်သာရှိမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ၂ ရာခိုင်နှုန်းဝန်းကျင် တိုးတက်မယ် လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလအတွင်း ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

“ငွေကြေးဖောင်းပွမှု မြင့်မားတာ၊ လုပ်သား၊ နိုင်ငံခြားငွေ လဲလှယ်မှု၊ လျှပ်စစ်ဓာတ်အားရရှိဖို့ ကန့်သတ်ချက်တွေကြောင့် မူလခန့်မှန်းချက်ကို ပြောင်းပစ်ရတာဖြစ်ပါတယ်” လို့ ကမ္ဘာ့ဘဏ်က အစီရင် ခံစာတစ်ခုအတွင်း ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကြေညာခဲ့တဲ့ စစ်မှုထမ်းဉပဒေကြောင့် ကျေးလက်နဲ့ပြည်ပကို ရွှေ့ ပြောင်းမှုတွေ မြင့်တက်လာခဲ့ပြီး လုပ်ငန်းအချို့မှာ လုပ်သားပြတ်လပ်မှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ ကမ္ဘာ့ ဘဏ်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နဲ့ထိုင်းနယ်စပ်တွေရှိ အရေးပါသော နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ဆုံးရှုံးခဲ့ရလို့ မြေပြင်ကနေ ကုန်သွယ်မှု သိသိသာ လျော့နည်းလာခဲ့ပါတယ်။

“သဘာဝဓာတ်ငွေ့ကို ထည့်မတွက်ဘဲထားရင် ကုန်းမြေနယ်စပ်တွေကနေ ကုန်စည်တင်ပို့မှုက ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ကုန်းမြေနယ်စပ်တွေကနေ ကုန်စည်တင်သွင်းမှုကလည်း ထက်ဝက် ကျဆင်းခဲ့ပြီး သွင်းကုန်စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းရှိပါတယ်” လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

၂၀၂၄ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုက ၁၃ ရာခိုင်နှုန်း၊ ကုန်ပစ္စည်း တင်သွင်းမှုက ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုးကား – Reuters
Ref; World Bank cuts Myanmar’s growth forecast to 1% as conflict worsens

#Ayeyarwaddy_Times