ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ်မှာ အမေရိကန်ကောလိပ်ဆရာ (၄) ဦးနဲ့ တရုတ် ကမ္ဘာလှည့်ခရီးသွားတစ်ဉီးကို ဓားနဲ့ထိုးတဲ့ လူတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်တယ်လို့ သိ ရပါတယ်။

ကျောင်းဆရာတွေဟာ အမေရိကန်နိုင်ငံအ နောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်ရှိ ကော် နယ်လ်ကောလိပ်မှ တရုတ်တက္ကသိုလ်တစ်ခုသို့ စေလွှတ်ထားသူတွေဖြစ်တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တနင်္လာနေ့က ပန်းခြံတစ်ခုမှာ လူတစ်ဉီးက အမေရိကန်ကျောင်းဆရာ (၄) ဦးနဲ့ တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသွားတစ်ဉီးကို ရုတ်တရက် ဓားနဲ့ထိုးခဲ့တာလို့ တရုတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

တရုတ်ရဲတပ်ဖွဲ့က အင်္ဂါနေ့နှောင်ပိုင်းအထိ ဓားထိုးမှုဖြစ်စဉ်ကို မကြေညာခဲ့ပါဘူး။ အနီးအနား မှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် လူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဓားထိုးခံရသူတွေကို ဆေးရုံတစ်ရုံမှာ ကုသပေးနေပြီး ဒဏ်ရာတွေက အသက်အန္တရာယ်မစိုးရိမ် ရကြောင်း၊ ဓားထိုးမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က ဓားထိုးမှုဖြစ်စဉ်ကို မကြေညာမီပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းထောက်တွေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းကို ထိုဖြစ်စဉ်အ ကြောင်း မေးမြန်းခဲ့ပါတယ်။

“ဒီဓားထိုးမှုဖြစ်စဉ်က တရုတ်နဲ့ အမေရိကန်ကြား ပြည်သူအချင်းချင်း ပုံမှန် အပြန်အလှန်လည် ပတ်မှုကို ထိခိုက်စေမှာမဟုတ်ဘူး” လို့ လင်ကျင်းက ပြောပါတယ်။

အမေရိကန်-တရုတ်ဆက်ဆံရေး တည်ငြိမ်စေဖို့ ပုဂ္ဂလိကကဏ္ဍမှာ အပြန်အလှန် လည်ပတ်မှု တွေ ပိုမိုပြုလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုနေချိန်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်စကားဟာ အဆိုပါဖြစ်စဉ် ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုနည်းစေလိုတဲ့ တရုတ်အစိုးရရဲ့ဆန္ဒကို ထင် ဟပ်စေပါတယ်။

ကိုးကား – NHK
Ref; US teachers among 5 stabbed in northeastern China

#Ayeyarwaddy_Times