ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အပစ်အခတ်ရပ်စဲရေး စီမံချက်ဆောင် ရွက်ဖို့ အရှေ့အလယ်ပိုင်းဒေသကို ပြန်လည်သွားရောက်ခဲ့ပါတယ်။

အန်တိုနီဘလင်ကန်ဟာ တနင်္လာနေ့က ဂျေရုဆလင်မြို့တော်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးအဆိုပြုချက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေးအစီအစဉ်ဟာ သီတင်းခြောက်ပတ်ကြာမြင့်မယ့် အပစ်အခတ်ရပ်စဲ ရေးနဲ့ စတင်ပါတယ်။

ဟားမာစ်အဖွဲ့က ဓားစာခံအားလုံးကို လွှတ်ပေးရမှာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေကလည်း ပြည်သူ တွေ ပြန်လည်တည်ဆောက်မှုပြုလုပ်နိုင်ရေး ဂါဇာဒေသကနေ ဆုတ်ခွာရမှာဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ဟာ အလုံးစုံအောင်ပွဲရရှိရေး သံန္နိဌာန်ချထားပြီး ဟားမာစ်အဖွဲ့ကို သုတ်သင်ရှင်း လင်းဖို့ ကတိပြုထားတယ်လို့ ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်

ငြိမ်းချမ်းရေး အဆိုပြုချက်ဟာ အစ္စရေးပြည်သူတွေအတွက် တည်ငြိမ်မှုရရှိစေကာ ဒေသတွင်း ပေါင်းစည်းမှုဖြစ်စေမယ်လို့ အန်တိုနီဘလင်ကန်က ဘင်ဂျမင်နေတန်ယာဟုကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ဖြစ်လာစေဖို့ ဟားမာစ်အဖွဲ့ခေါင်းဆောင်တွေကို တွန်းအားပေးဖို့ အန်တိုနီ ဘလင်ကန်က ဒေသတွင်းရှိ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

အစ္စရေးစစ်သားတွေက ဓားစာခံ ၄ ဉီးကို ကယ်တင်ကာ ပါလက်စတိုင်း ၂၇၀ ကျော်ကို သတ် ဖြတ်ခဲ့တာကို ဟားမာစ်ခေါင်းဆောင်တွေက စနေနေ့မှာ မြင်တွေ့ခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေ မဆုတ်ခွာသရွေ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဘူးလို့ ဟားမာစ်အဖွဲ့ ခေါင်းဆောင်တွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – NHK
Ref; Blinken presses Israel and Hamas to agree to ceasefire
#Ayeyarwaddy_Times