ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွယ် (ပကဖ) များထံသို့ စစ်ကောင်စီတပ်မှ ဗိုလ်မှူး သုံး ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦးတို့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းတွင် NUG ၏ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများ၊ ပကဖအဖွဲ့များထံသို့ ဗိုလ်မှူး သုံး ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦး ပြည်သူ့ ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

CDM ပြုလုပ်လာသူများထဲတွင် အရာရှိအဆင့် ဗိုလ်မှူး သုံးဦး၊ ဗိုလ်ကြီး တစ် ဦး၊ ဗိုလ် တစ် ဦးနှင့် ဒုရဲအုပ်တစ်ဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ ဦးတို့ စစ်ကောင် စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်လာခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဘက်သို့ရောက်လာသူများထဲတွင် လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့ကြောင်း NUG ကဆိုသည်။

မေလတစ်လထဲအတွင်း CDM ပြုလုပ်လာသူများ ယူ ဆောင်လာသည့် လက်နက်မျိုးစုံ ၂၄ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိထားသည်ဟု သိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများအနေဖြင့် နီးစပ်ရာ PDF များထံ သို့ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @Myanmarpeople နှင့် နီးစပ်ရာ PDF၊ ပကဖ၊ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသို့ ဆက်သွယ်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် NUG က တိုက်တွန်းထားသည်။

ဓာတ်ပူံ-MOD

#စစ်ကောင်စီဗိုလ်မှူး #တပ်သားရဲ #၄၅ဦး #CDMပြုလုပ် #NUG #ထုတ်ပြန် #Ayeyarwaddy_Times