ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
အမေရိကန်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုဖြစ် ပြီး အမေရိကန်ရဲ့ စစ်အင်အားဖြန့်ကြက်မှုက လက်နက်ပြိုင်ဆိုင်မှုဖြစ်လာစေတယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုန်က ဇွန်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
မကြာသေးမီက တရုတ်နဲ့ အမေရိကန်ရဲ့မဟာမိတ် ဖိလစ်ပိုင်ကြား ရေပိုင်နက်အငြင်းပွားမှုတွေ က ဝါရှင်တန်နဲ့ပေကျင်းကြား မဟာဗျူဟာအရ အရေးပါတဲ့ တောင်တရုတ်ပင်လယ်အတွင်း ပေါက်ကွဲလု နီးပါးအခြေအနေတစ်ခု ဖြစ်စေခဲ့ပါတယ်။
“လက်ရှိမှာ တောင်တရုတ်ပင်လယ်အတွင်း အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုက ဒေသ အပြင်ဘက်က ဖြစ်ပါတယ်” လို့ လာအိုနိုင်ငံမှာ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေး တက်ရောက်ပြီးနောက် ဆွန်ဝေတုန်က ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးဖြန့်ကြက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေကာ ရေကြောင်းအငြင်းပွားမှုတွေ လှုံ့ဆော်နေတာကြောင့် ကမ်းရိုးတန်းတိုင်းပြည် တွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ ၎င်းက ဆိုပါတယ်။
အမေရိကန်နိုင်ငံက ဒေသတွင်း တာလတ်ဒုံးကျည်တွေ ဖြန့်ကြက်မယ့်အစီအစဉ်က လက်နက် ပြိုင်ပွဲဖြစ်စေကာ အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးကို ပထဝီနိုင်ငံရေး ပဋိပက္ခတွေအရိပ်အာဝါသအောက် ရောက်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း သက်ဆိုင်ရာတိုင်းပြည်တွေနဲ့ ရေကြောင်း အ ငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေမှတစ်ဆင့် ဖြေရှင်းဖို့ သံန္နိဌာန်ချထားတယ်လို့ သူက ပြောပါ တယ်။
တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖိ လစ်ပိုင်နိုင်ငံက ဧပြီလအတွင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို အရှက်ရအောင်လုပ်နေတယ် လို့ စွပ်စွဲလိုက်ပါတယ်။
နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော် ပမာဏရှိတဲ့ ရေကြောင်းကုန်သွယ်မှုပြုလုပ်ရာ တောင်တ ရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောပြီး ပြည်မကြီးမှ ကီလိုမီတာ ၁၀၀၀ ခန့်အကွာမှာ ရာနဲ့ချီတဲ့ ကမ်းခြေစောင့်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့တရုတ်ဟာ ရေပိုင်နက်အငြင်းပွားမှုတွေကြောင့် အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ ပြီး ဖိလစ်ပိုင်နိုင်ငံနဲ့အတူ ရပ်တည်မယ်လို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China says US provoking arms race in moves into South China Sea
#Ayeyarwaddy_Times