ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အမတ်နေရာအများဆုံး အနိုင်ရရှိပြီးနောက် နာရင်ဒရာမိုဒီက အိန္ဒိယဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို လိုက်ပြီဖြစ်ပါတယ်။

နာရင်ဒရာမိုဒီဟာ တနင်္ဂနွေနေ့က နယူးဒေလီမြို့တော်က သမ္မတနန်းတော်မှာ ဝန်ကြီးချုပ်အ ဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့အညီ ပြည်သူတွေရဲ့ရပိုင်ခွင့်ကို လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့ပါတယ်။

နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နဲ့ မော်လ်ဒိုက် အပါအဝင် ဒေသတွင်းတိုင်းပြည်များစွာမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာအတွက် ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး နာရင်ဒရာမိုဒီရဲ့ BJP ပါတီဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အမတ်နေရာ ၂၉၃ နေရာ အနိုင်ရ ရှိခဲ့ပါတယ်။

မိုဒီအစိုးရအနေနဲ့ မူဝါဒဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်သလို ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး ပါ တီတွေရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

နာရင်ဒရာမိုဒီက အစိုးရအဖွဲ့ကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်မှုနဲ့ ဆင်းရဲချမ်းသာကွာဟချက် ကြီးမားမှုအပါအဝင် စီးပွားရေးစိန်ခေါ်မှုများစွာကို ဖြေရှင်းမယ့် အစီ အမံတွေ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ စိတ်ဝင်စားနေကြပါတယ်။

အိန္ဒိယလူဉီးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လယ်သမားတွေ စိတ်ကျေနပ်အောင် နာရင်ဒရာမို ဒီက ကြိုးပမ်းလိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ကိုးကား – NHK
Ref; India’s Modi sworn in for third term as prime minister with reduced BJP strength

#Ayeyarwaddy_Times