မြရာ/ဧရာဝတီတိုင်းမ်
‌ဇွန် ၁၀ ရက်

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေဖြင့် စာရင်းကောက်ယူထားသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်း ဟောင်းအရာရှိများကို နေပြည်တော်သို့စတင်ဆင့်ခေါ် နေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လပထမပတ်မှစ၍ ယနေ့ဇွန် ၁၀ ရက်နေ့အထိ စစ်မှုထမ်းဆောင်ရန် ခေါ်‌ဆောင်ခံရသည့် စစ်မှုထမ်းဟောင်းအရာရှိ ၁၄၀၀ ကျော်ခန့်ရှိပြီဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“သူတို့ကို နေပြည်တော်မှာခေါ်ထားပြီ။ အသက်ငယ် တဲ့သူပိုများတယ်။ငယ်တဲ့သူဆိုရင် ကျန်းမာရေးလျော့ပေါ့ချက်တွေနဲ့ ပြန်ခေါ်ထားတာ များတယ်။ သူတို့ရာထူးတိုင်း ပြန်ခန့်ထားမယ်လို့ခေါ်လာပေမယ့်လည်း တပ်ချုပ်ရဲ့ သဘောတစ်ခုထဲပါပဲ”ဟု ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်က ပြောသည်။

၅ နှစ်အတွင်း အငြိမ်းစားယူထားသည့် တပ်အရာရှိ ဗိုလ်မှူးမှ ဗိုလ်ကြီးအဆင့်ရှိသူများကို ဇွန်ပထမပတ်ကစတင်ပြီး နေပြည်တော်သို့ဆင့်ခေါ်ပြီး ရွာတော်စစ် ကြောရေးနှင့် တည်းခိုရိပ်သာတွင် နေရာချစုဆောင်းထားရှိကြောင်း သိရသည်။

ယခုဆင့်ခေါ်ခံရသည့်သူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)က အဓိကတာဝန်ယူ၍ နေရာချထား တာဝန်ခန့်အပ်ရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဟောင်း အငြိမ်းစားအရာရှိများအနေဖြင့် ၃ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဆင့်ခေါ်သည့်အချိန်မှစ၍ အကြောင်းပြန်ကြားမှုမရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။

ယခုတာဝန်ထမ်းဆောင်မည့်သူများကို အရန်တပ်ဖွဲ့ဝင်စီမံချက်ဖြင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံတင်ပြ၍ အတည်ပြုချက်ရယူပြီးမှ တာဝန်များကို ခွဲဝေပေးသွားမည်ဟု သိရပြီး စစ်မှုပြန်လည်ထမ်းဆောင်လိုခြင်း မရှိသည့် စစ်တပ်အရာရှိများလည်း ရှိနေကြောင်းသိရသည်။

စစ်မှုထမ်းဆောင်ရာတွင် တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ ဆောင်ရေးနှင့် လုံခြုံရေး၊ အကြံပေးဟူ၍တာဝန်သုံးရပ်ခွဲထားပြီး စစ်မှုထမ်းဟောင်းများကို အသက် အရွယ်အပိုင်းအခြားအလိုက် ငယ်ရွယ်သည့်သူများကို တိုက်ခိုက်ရေးကဏ္ဍဖြစ်သည့် ရှေ့တန်းသို့ပို့ ဆောင်သွားမည်ဟုဆိုသည်။

အရန်ဥပဒေဖြင့် စစ်မှုထမ်းဟောင်းများကို ခေါ်ယူရာတွင် ဆေးစစ်ချက်များကိုလည်း သတ်မှတ်စည်း ကမ်းများကို လျော့ပေါ့စစ်ဆေးပြီး စစ်မှုထမ်းခေါ်ယူ လျက်ရှိသည်။

ယခု နေပြည်တော်သို့ ဆင့်ခေါ်ခံရသည့် စစ်မှုထမ်း ဟောင်း ၁၄၀၀ ကျော်သည် အရန်တပ်ဖွဲ့ဥပဒေအသက်သွင်းပြီးနောက် ပထမဦးဆုံးအသုတ် ခေါ်ယူ ခံရခြင်းဖြစ်သည်။

စစ်ကောင်စီက ယခုစစ်မှုထမ်းဟောင်းများကို ပင်စင်လစာအပြင် စစ်ကောင်စီတပ်အတွင်း၌ တစ်နှစ်တာ ဝန်ထမ်းဆောင်ပါက တစ်သိန်းကျပ်၊ နှစ်နှစ်တာဝန် ထမ်းဆောင်ပါက နှစ်သိန်းကျပ်၊ သုံးနှစ်တာဝန်ထမ်း ဆောင်ပါက သုံးသိန်းကျပ် အပြည့်အဝချီးမြှင့်မည်ဟု လျှို့ဝှက်ထုတ်ပြန်သည့် အရန်တပ်ဖွဲ့ဥပဒေတွင်ဖော် ပြထားသည်။

ယင်းလျှို့ဝှက်ထုတ်ပြန်သည့် အရန်တပ်ဖွဲ့ဥပဒေတွင် စစ်ခေါင်းဆောင်၏ သဘောတစ်ခုတည်းဖြင့် တာဝန် ထမ်းဆောင်သူများ၏ စစ်မှုထမ်းသက်ကို အတိုး အလျော့ပြုလုပ်နိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပုံစာ- အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း က ပုသိမ်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ၂၀၂၃ ဒီဇင်ဘာလအတွင်းက တွေ့ဆုံစဉ်

#စစ်ကောင်စီ #အရန်တပ်ဖွဲ့ #ဥပဒေ #စစ်မှုထမ်းဟောင်း #အရာရှိများ #နေပြည်တော် #ဆင့်ခေါ်ခံရ #Ayeyarwaddy_Times