ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ယူကရိန်းနိုင်ငံကို ကူညီဖို့ ထိန်းချုပ်ခံထားရတဲ့ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို အသုံးပြုရေး ပြင် သစ်သမ္မတ အီမန်နူရယ်မေခရွန်နဲ့ သဘာတူညီမှုရရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။

အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ပစ္စည်းတွေကရတဲ့ အမြတ်အစွန်းတွေကို ယူက ရိန်းအတွက် ဘယ်လို အသုံးပြုရမယ်ဆိုတာ G7 နဲ့ ဉရောပသမဂ္ဂအဖွဲ့က စဉ်းစားနေပါတယ်။

ရုရှားပိုင် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ကို ကမ္ဘာတစ်ဝှမ်း ထိန်းချုပ်ထားပြီး အများစု ကို ဉရောပသမဂ္ဂက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အဆိုပါ ရုရှားပိုင် ထိန်းချုပ်ထားတဲ့ငွေကြေးတွေကရတဲ့ အမြတ်အစွန်းတွေက နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံမှ ၃ ဒသမ ၅ ဘီလီယံအထိ ရှိပါတယ်။

အမေရိကန်နိုင်ငံက အကြံပြုတဲ့ အကြံအစည်တစ်ခုမှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေ ရဲ့ အတိုးတွေကို ယူကရိန်းနိုင်ငံအတွက် အသုံးပြုဖို့ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေကရတဲ့ အမြတ်အစွန်းတွေကို အ ခြားတိုင်းပြည်ထံ လွှဲပြောင်းပေးတာ ခိုးမှုမြောက်တယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားပိုင် ထိန်းချုပ်ထားတဲ့ ငွေကြေးတွေကို အသုံးပြုတာကို တိုင်းပြည်အချို့က စိုးရိမ်မှုတွေရှိပေ မယ့် အမေရိကန်နဲ့ G7 မိတ်ဖက်တွေက ထိုအစီအစဉ်ဖော်ဆောင်ရာမှာ တိုးတက်မှုရှိနေပြီလို့ အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုးကား – TRT World
Ref; Biden, Macron agree to seize profits of $280B in Russian assets for Ukraine

#Ayeyarwaddy_Times