
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပါရီမြို့မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေး စဉ် ယူကရိန်းအတွက် ပံ့ပိုးကူညီဖို့ ကတိပြုခဲ့ပြီး ဒေါ်လာ ၂၂၅ သန်းတန်ကြေးရှိ နောက်ထပ် လုံခြုံရေးအ ကူအညီပေးမယ်လို့ ကြေညာခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုက ယူကရိန်းနဲ့အတူ ရပ်တည်ပါတယ်” လို့ ပြင်သစ်နိုင်ငံမြောက်ပိုင်း မှာပြုလုပ်တဲ့ D-Day အခမ်းအနား တက်ရောက်စဉ် ဂျိုးဘိုင်ဒင်က ဇီလန်စကီးကို ပြောပါတယ်။
အမေရိကန်ကွန်ဂရက်မှတစ်ဆင့် အကူအညီသစ်တွေ ပေးပို့မှု နှောင့်နှေးကြန့်ကြာမှုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ် ရေးပစ္စည်းတွေ၊ အမြောက်ကျည်တွေနဲ့ အခြားအရေးပါတဲ့ စစ်ဘက်ကိရိယာတွေ ပါဝင်တယ်လို့ အိမ်ဖြူ တော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ယူကရိန်းအတွက် အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုက မဆုတ်မနစ်ရှိတာကို သမ္မတ ဂျိုးဘိုင်ဒင် က အလေးထားပြောခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဉီးဟာ အီတလီနိုင်ငံမှာပြုလုပ်မယ့် လာမယ့် G7 ထိပ် သီးဆွေးနွေးပွဲမှာ နောက်တစ်ကြိမ် တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ သောကြာနေ့က ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီသစ်အရ ပြင်သစ်နိုင်ငံက ယူကရိန်းသို့ Mirage 2000 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းကာ ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ် လို့ မေခရွန်က ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Biden announces US$225m in new aid for Ukraine at Paris talks with Zelensky
#Ayeyrwaddy_Times