
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဧရာ၀တီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့ရှိ သရွတ်မြိုက်တံတား တွင် ဇွန်လ ၄ ရက်နေ့ည ၇နာရီခန့်က ကင်းလှည့်နေသော ပြည်သူ့စစ်နှင့်ရာအိမ်မှူးတို့ ဆိုင်ကယ်မှောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ မော်လမြိုင်ကျွန်းမြို့နယ်၊ ပုဂံပုံကျေးရွာအုပ်စု၊ ရုံးကွင်းကျေးရွာနေ ရာအိမ်မှူးမောင်အေး နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်သန်းလွင် တို့နှစ်ဦးဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
“လမ်းကအရှင်းကြီး သူတို့တွေက မူးနေတော့ တံတားပေါ်အတက်မှာ ပလက် ဖောင်းကို၀င်တိုက်ပြီး လွင့်ထွက်သွားတာ ပွဲချင်းပြီးပဲ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
သရွတ်မြိုက်တံတားသည် ဝါးခယ်မမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ကြားတွင် တည်ရှိပြီး တံတားပေါ်တွင် ယခုသေဆုံးသွားသူ နှစ်ဦးအပါအ၀င် ပုဂံပုံကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ပြည်သူ့စစ်များသည် အဆိုပါနေရာတွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ခရီးသွားများကိုစစ်ဆေးကာ ငွေတောင်းခြင်း ၊ ကင်းလှည့်ခြင်းများပြုလုပ်ကြောင်း သိရသည်။
ပုံစာ- ပြည်သူ့စစ်နှင့်ရာအိမ်မှူးတို့ ဆိုင်ကယ်မှောက်၍ သေဆုံးမှု ဖြစ်ပွားသည့်နေရာကို တွေ့ရစဉ်
#မော်လမြိုင်ကျွန်းမြို့ #ပြည်သူ့စစ်နှင့်ရာအိမ်မှူး #ကင်းလှည့်စဥ် #ဆိုင်ကယ်မှောက်သေဆုံး #Ayeyarwaddy_Times