ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအရ ပထုတ်ထားတာကို အဆုံးသတ်ဖို့ မလေးရှား နိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်မထမ်းဆောင်မီ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တောင်း ဆိုလိုက်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် လိုက်နာဖို့ အရေးကြီးကြောင်း အန်ဝါက ထောက်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ ထိရောက်သော လူသားချင်းစာနာမှု ယန္တယားနဲ့ သက်ဆိုင်သူတွေကြား အမှန်တစ်ကယ် နိုင်ငံရေး ထိတွေ့ဆက်ဆံမှုဖြစ်ရေး တွန်းအားပေးရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဆွေးနွေးဘက်မိတ် ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်မယ့် မလေးရှားနိုင်ငံရဲ့ ကတိကဝတ်ကို ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ခက်ခဲသော စိန်ခေါ်မှုတစ်ခုက သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာရမှု တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာ့အကျပ်အတည်းဖြစ်ပါတယ်” လို့ ဇွန်လ ၆ ရက်ကပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာမှာ သူက ထည့်သွင်းပြောပါတယ်။

အာဆီယံအဖွဲ့က မြန်မာနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးရမှာဖြစ်ကြောင်း၊ မြန်မာနိုင် ငံရှိ အဖွဲ့အစည်းပေါင်းစုံကသာ ထိုလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“မြန်မာပြည်သူတွေအတွက် ဘာက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရှိ တဲ့ နေရာမှာမဟုတ်လို့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေအနေနဲ့ တတ်နိုင်သလောက် ကူညီဖို့ပဲရှိပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တိုင်းပြည်အနာဂတ်နဲ့ပတ်သက်လို့ ခက်ခဲ သော ဆွေးနွေးမှုတွေ အစပြုလာတယ်လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။

“အာဆီယံပဋိညာဉ်ကို အဖွဲ့ဝင်နိုင်ငံတစ်ခုက ချိုးဖောက်နေတယ်လို့ ယုံကြည်လောက်တဲ့ အ ကြောင်းရင်းရှိရဲ့သားနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ပျက် ကွက်မှုပဲဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – The Straits Times
Ref; Malaysian PM Anwar calls for an end to violence in Myanmar

#Ayeyarwaddy_Times