ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာဒေသမှ တိုင်းပြည်ခုနှစ်ခုမှ ခေါင်းဆောင်တွေ ဟာ တနင်္ဂနွေနေ့မှာကျင်းပမယ့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ တတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မယ်လို့ အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူလ်တန်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ မောရစ်သျှနဲ့ ဆေးရှဲလ်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ မျှော် လင့်ရကြောင်း တရားဝင် ကြေညာချက်က ဆိုပါတယ်။

အရင်က နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ဖူးတဲ့ ပါကစ္စတန်နဲ့မြန်မာကို တော့ ယခုအဆိုပါအခမ်းအနားသို့ မဖိတ်ကြားဘူးလို့ သိရပါတယ်။

တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (SARRC) အဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှာ ရစ်ဖ် တက်ရောက်ခဲ့ပါတယ်။

ဘင်းစတက်ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန် ဆိုပွဲမှာ မြန်မာနိုင်ငံမှ ခေါင်းဆောင်လည်း တက်ရောက်ခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံက ကဘူးလ်မြို့တော်ရှိ တာလီဘန်အစိုးရကို အသိအမှတ်မပြုတာကြောင့် အာဖဂန် နစ္စတန်နိုင်ငံကို မဖိတ်ကြားတာကတော့ မေးစရာမလိုပေ။

မြန်မာနိုင်ငံဟာ စစ်တပ်နဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပြည် တွင်းစစ် ဖြစ်ပွားနေလို့ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မဖိတ်ကြားတာဖြစ်ပါ တယ်။

နယ်စပ်တစ်လျှောက် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၂၀၁၉ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပါကစ္စတန်နိုင်ငံကို မဖိတ်ကြားခဲ့ပေ။ နာရင်ဒရာမိုဒီ ရွေးကောက်ပွဲမှာ အနိုင်ရရှိလို့ ဝမ်းမြောက်ကြောင်း သဝမ်လွှာကို ပါကစ္စတန်နိုင်ငံက မပေးပို့သေးဘူးလို့ သိရပါတယ်။

ကိုးကား – Times of India
Ref; 7 neighbouring nations’ leaders to attend Modi’s swearing-in

#Ayeyarwaddy_Times