ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ် ဒန်ဟောင်ဂီယန်ဟာ ဇွန်လ ၅၅ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်နဲ့ နယူး ယောက်မြို့တော်မှာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ အတွက် ဂျူလီဘီးရှော့ပ်ကို ဂုဏ်ပြုပါကြောင်း၊ သူ့ရဲ့ သံတမန်အတွေ့အကြုံနဲ့ ဒေသအကြောင်း သိနား လည်မှုကြောင့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒန်ဟောင်ဂီယန်က ပြောပါတယ်။

ထိပ်တန်းဦးစားပေးလုပ်ငန်းမှာ ယုံကြည်မှုတည်ဆောက်ဖို့၊ အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေး နွေးမှု တိုးမြှင့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ အဆင်ပြေစေဖို့ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေရှာရာမှာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်က အရေးပါသော အခြေခံတစ်ခုအဖြစ် ဆက်ရှိမယ်လို့ သူက အတည်ပြုပါ တယ်။

ကုလသမဂ္ဂနဲ့ ဂျူလီဘီးရှော့ပ်တို့ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒ၊ မျှော်မှန်းချက်တွေနဲ့အညီ လွတ် လပ်ရေး၊ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရ ဆိုတဲ့ အခြေခံမူတွေကို လေးစားသမှုထားကာ အာဆီယံအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ် စားလှယ်တို့နဲ့ အနီးကပ် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းမယ်လို့ ဂျူလီဘီးရှော့ပ် က ကတိပြုပြီး ထိုလုပ်ငန်းစဉ်မှာ အာဆီယံရဲ့ဉီးဆောင်မှုကို ကုလသမဂ္ဂက ထောက်ခံတယ်လို့ ပြောပါ တယ်။

ကုလသမဂ္ဂအဖွဲ့နဲ့ အာဆီယံမှာ ဗီယက်နမ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ မြန်မာ့အရေးမှာ အပြုသ ဘောဆောင်တဲ့ ချည်းကပ်မှုကို ဂျူလီဘီးရှော့ပ်က ချီးကျူးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် အားလုံးပါဝင်သော ရေရှည်အဖြေတစ်ခု အောင် မြင်ရေးအတွက် ဗီယက်နမ်နိုင်ငံက အပြုသဘောဆောင်သော ကူညီမှုတွေ ဆက်လက်ပြုလုပ်ဖို့ မျှော် လင့်ကြောင်း ၎င်းက ပြောပါတယ်။

ကိုးကား – Viet Nam News
Ref; Việt Nam hopes UN, ASEAN coordinate closely, effectively over Myanmar issue: Ambassador

#Ayeyarwaddy_Times