ဧရာဝတီတိုင်းမ်
မေ ၇ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူလူထုများအပေါ် အကြမ်းဖက်လုပ် ရပ်များနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် စစ်ကောင် စီ၏လုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် ညီနောင်မဟာမိတ်အဖွဲ့က သတိပေးစာထုတ်ပြန်ခဲ့ သည်။

ယနေ့ ဇွန် ၇ ရက်နေ့တွင် TNLA နှင့် MNDAA တို့က စစ်ကောင်စီ၏ ဗျိုင်းဖြူကျေးရွာရှိ ပြည်သူလူထုအားအကြမ်းဖက်လုပ်ရပ်များနှင့်အတူ စစ်ရာဇဝတ်မှုကျူးလွန်သည့်

လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် ယင်းလုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် သတိပေးသည့် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစတပ်ဖွဲ့ဝင်များ၊ ပုခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်း တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ အကြမ်းဖက်သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသည့် အင်အား ၁၇၀ ကျော်ရှိ စစ်ကြောင်းသည် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာသို့ ဝန်းရံပိတ်ဆိုခဲ့ ကြောင်း သိရသည်။

ထို့နောက် ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်၊ လူကြီး၊ လူငယ်တစ်ယောက်မကျန် ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခဲ့ သည်။

အဆိုပါစစ်ကြောင်းသည် ဖမ်းဆီးထိန်းသိမ်းထားသည့် ဗျိုင်းဖြူကျေးရွာမှ ဒေသခံပြည်သူများကို အမျိုးမျိုးနှိပ်စက် ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်း၊ ပြည်သူလူထု ၇၆ ဦးကို ရက်ရက် စက်စက်

သတ်ဖြတ်အလောင်းဖျောက်ခြင်းများ ပြု လုပ်ခြင်း၊ ရွှေငွေပစ္စည်းများကို လုယက်သိမ်းယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ ကျူးလွန်မှုများကို TNLA နှင့် MNDAA တို့မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီအနေဖြင့် ထိုကျူးလွန်မှုမျိုးကို ရခိုင်ပြည်၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ရန် အမြန် ဆုံးချက်ချင်းရပ်တန့်ရန် ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီအား သတိပေး ထားသည်။

စစ်ကောင်စီအနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးမှစပြီး ယနေ့အထိ စစ်မြေပြင်များ၌ စစ်ရှုံးနေသည့်အပြင် ဘက်ပေါင်းစုံ မှ ဆုံးရှုံးမှုများ ဆက်တိုက်ကြုံနေရသဖြင့် ပြည်သူလူ ထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို သတိထားကြရန် မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန် သည့် လုပ်ရပ်များကို ထိရောက်စွာအကာအကွယ်ပေးရန် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံတကာ အသိုင်းအဝိုင်း‌ကို အထူးမေတ္တာရပ်ခံကြောင်း TNLA နှင့် MNDAA တို့က သဘောထားထုတ်ပြန်ထား သည်။

#ရခိုင် #ဗျိုင်းဖြူရွာ #စစ်ကောင်စီ #အကြမ်းဖက်မှု #ညီနောင်မဟာမိတ် #သတိပေးစာထုတ်
#Ayeyarwaddy_Times