
ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ကု လသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန်လ ၆ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေ တိုးလာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အ လွန်အမင်း စိုးရိမ်နေပြီး ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ဒေသများစွာမှာ အရပ်သား တွေ သေဆုံးစေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မကြာသေးမီက တိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချပါ တယ်” လို့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အသိုင်းအဝိုင်းအားလုံးကို ကာကွယ်ပေးဖို့ အရေးတကြီး လိုအပ်ကြောင်း ဂူတာရက်စ် ပြောပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရမ်းသမ်းဗုံးကြဲမှုတွေကို ထောက်ပြခဲ့ပါတယ်။
“ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်ပါတယ်” လို့ အဆိုပါထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့ အညီ အရပ်သားတွေကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အဖွဲ့အစည်းအားလုံးကို တောင်းဆိုပြီး လူမျိုးစုကြား တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ မလှုံ့ဆော်အောင် တားဆီးဖို့ တိုက် တွန်းပါတယ်” လို့ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသောအခြေအနေက ဒေသတွင်း ဂယက်ရိုက်ခတ်မှုတွေရှိတယ်လို့ ဂူ တာရက်စ်က မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံတကာက ညီညွတ်စွာ တုံ့ပြန်ဖို့ တောင်းဆိုလိုက်ပါတယ်။
တာရှည်ခံသော ငြိမ်းချမ်းရေးရရှိဖို့ မြန်မာနိုင်ငံဉီးဆောင်တဲ့ အားလုံးပါဝင်သော လုပ်ငန်းစဉ်တစ် ရပ်ကို အာဆီယံ၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ တည်ဆောက်ရာမှာ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ် ကို ပံ့ပိုးကူညီကြဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; UN chief ‘deeply concerned’ about increasing violence in Myanmar
#Ayeyarwaddy_Times