ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ် အပိုအစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သို့ F-16 ဂျက်တိုက်လေယာဉ် အပိုအစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမယ့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကွန်ဂရက်သို့ အကြောင်းကြားထား တယ်လို့ ပင်တဂွန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကြေညာပါ တယ်။

မေလအတွင်း ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြးနောက် ထိုင်ဝမ်သို့ စစ်လက်နက်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းတွေ ရောင်းချကြောင်း အမေရိကန်အစိုးရက ကြေညာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ယခုဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့ကာကွယ်ရေးမှာ အမေရိကန်နိုင်ငံ ဆက်လက်ပါဝင်မှုကို ပြသ တဲ့ ထင်ရှားသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တရုတ် ကာ ကွယ်ရေးဝန်ကြီး ဒေါင်ဂျန်တို့ဟာ စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာဖိုရမ်မှာ ထိုင်ဝမ်အရေးနဲ့ပတ် သက်လို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ဝန်ကြီးနှစ်ဉီးဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား သဘော ထားကွာဟချက် ကျဉ်းမြောင်းအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လအတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုက ရန်လိုမှုတစ်ခုအဖြစ် အော်စတင်က ဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တုံ့ပြန်မှုအနေနဲ့ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ အမေရိကန်နိုင်ငံက မစွက်ဖက်သင့်ဘူးလို့ ဒေါင် ဂျန်က သတိပေးခဲ့ပါတယ်။

ကိုးကား – NHK
Ref; US announces sales of F-16 aircraft parts to Taiwan
#Ayeyarwaddy_Times