ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တို့ဟာ B-1B ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ နှစ်နိုင်ငံစလုံးမှ ဂျက်တိုက်လေယာဉ်တွေ ပါဝင်တဲ့ ပူးတွဲဗုံးကြဲလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း B-1B ဗုံးကြဲလေယာဉ်ဟာ ဂျက်တိုက်လေယာဉ်တွေနဲ့အတူ ကိုရီး ယားကျွန်းဆွယ်ပေါ် ပျံသန်းခဲ့ပြီး ပဲ့ထိန်းတပ်ဗုံးတွေကြဲခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန် ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ အမေရိကန်ဗုံးကြဲလေယာဉ်အတွက် ခုနှစ်နှစ်အတွင်း ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ပထမ ဆုံးအကြိမ် ဗုံးကြဲလေ့ကျင့်မှုဖြစ်ပါတယ်။

ဂူအမ်ကျွန်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းမှ ဗုံးအများအပြားပါရှိတဲ့ B-1B ဗုံးကြဲလေ ယာဉ်တစ်စင်း ပျံတက်လာပါက အမေရိကန်စစ်တပ်က ၂ နာရီအတွင်း ကိုရီးယားကျွန်းဆွယ်ပေါ် ဗုံးကြဲ လေယာဉ် စေလွှတ်နိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

ပူးတွဲဗုံးကြဲလေကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပူးပေါင်းကာကွယ်ဖို့ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ရဲ့ B-1B ဗုံးကြဲလေယာဉ်နဲ့ပတ်သက်လို့ ကြောက်ရွံ့လို့ ပြတ်သားစွာ တုံ့ပြန်မယ်လို့ မျှော်မှန်းရပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို အပြည့်အဝ ရပ်ဆိုင်ဖို့ တောင်ကို ရီးယားအစိုးရက တရားဝင် ဆုံးဖြတ်ပြီးနောက် အခုလို ပူးတွဲဗုံးကြဲလေ့ကျင့်မှု ပြုလုပ်တာပါ။

ယခင်တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ဖြေလျှော့ဖို့ ၂၀၁၈ ခုနှစ်မှာ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

မြောက်ကိုရီးယားဟာ မကြာသေးမီက အမှိုက်နဲ့ အညစ်အကြေးတွေ ထည့်ထားတဲ့ မိုးပျံပူဖောင်း တွေကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့တာကြောင့် တောင်ကိုရီးယားက အခုလို တုံ့ပြန်ခဲ့တာပါ။

ကိုးကား – NHK
Ref; US flies B-1B bomber in joint precision-guided bombing drill with South Korea

#Ayeyarwaddy_Times