
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
ယူကရိန်းသို့ ပို့ဆောင်ထားတဲ့ မည်သည့် ပြင်သစ်စစ်ဘက်နည်းပြတွေမဆို ရုရှားစစ်တပ်ရဲ့ တ ရားဝင် ပစ်မှတ်တစ်ခု ဖြစ်လာမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေအတွက် ပြင်သစ်ထံမှ လေ့ကျင့်ရေးအကူအညီရရှိဖို့ ကြိုးပမ်းနေတယ်လို့ ယူ ကရိန်း တာဝန်ရှိသူတွေက ဝန်ခံပြီးနောက် သူက အခုလို ပြောကြားတာပါ။
ကွန်ဂို နိုင်ငံခြားရေးဝန်ကြီး ဂျင်းကလော်ဒီဂါကော့ဆိုနဲ့ အင်္ဂါနေ့ကပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“ပြင်သစ်စစ်ဘက်နည်းပြတွေ ယူကရိန်းပိုင်နက်ထဲမှာ ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ပြင် သစ် စစ်ဘက်နည်းပြတွေဟာ ရုရှားစစ်တပ်ရဲ့ တရားဝင် ပစ်မှတ်တစ်ခု ဖြစ်လာပါမယ်” လို့ သူက ဆိုပါ တယ်။
လာရော့ဗ်ရဲ့ ပြောကြားချက်အပေါ် မှတ်ချက်ပေးဖို့မရှိဘူးလို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။ ယူကရိန်းနိုင်ငံမှာ ပြင်သစ်စစ်ဘက်နည်းပြတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။
ရုရှားက ယူကရိန်းကျူးကျော်စစ်ကာလအတွင်း ထောက်ခံမှု အပြည့်အဝရရှိဖို့ လာရော့ဗ်ဟာ ပြီး ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဖရိကတိုက်သို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပါတယ်။
အာဖရိကတိုက်မှ တိုင်းပြည်များစွာက ပြင်သစ်နဲ့ အမေရိကန်လိုမျိုး အစဉ်အလာ အနောက်မ ဟာမိတ်တွေိကို စိတ်ပျက်လာကာ တိုင်းပြည်အချို့က အစ္စလာမ္မစ်သောင်းကျန်းသူတွေကို တိုက်ခိုက်ရာ မှာ ရုရှားရဲ့အကူအညီရရှိဖို့ ကြိုးပမ်းလာပါတယ်။
ဒီလနှောင်းပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၌ကျင်းပမယ့် ယူကရိန်း ငြိမ်းချမ်းရေး ညီလာခံကိုလည်း လာ ရော့ဗ်က ပယ်ချခဲ့ပါတယ်။ “ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ က အဓိပ္ပာယ်မရှိပါဘူး” လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖွဲ့ ၈၀ ကျော် တက်ရောက်ဖို့ အတည်ပြုထားတယ်လို့ ဆွစ်ဇာ လန်နိုင်ငံက ပြောပါတယ်။ ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်ထားတဲ့ တရုတ်နိုင်ငံကတော့ ညီလာခံကို မတက် ရောက်ဖူးလို့ ပြောပါတယ်။
ကိုးကား – Aljazeera
Ref; French military trainers would be ‘legitimate target’ in Ukraine: Lavrov
#Ayeyarwaddy_Times