ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

စစ်ကောင်စီလက်ထက်တွင် မအူပင်ခရိုင်အတွင်းရှိ လယ်ယာမြေဧက ထောင်ချီပြီး ငါးကန်များတူဖော်ခွင့်ပြုနေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီက လယ်ယာမြေများကို အခြားအသုံးပြုခွင့် ပေးမထားသော်လည်း မြေစာရင်း နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မှ အောက်ခြေတွင် တရုတ်သူဌေးများနှင့်ပေါင်းကာ ငါးကန်များ တူဖော်ခွင့်ပေးနေကြခြင်းဖြစ်သည်။

“မြေစာရင်းတို့ ထွေအုပ်တို့က လယ်ယာမြေကိုရောင်းလို့မရဘူး လို့သာပြောတာ အခုတရုတ်ပိုင်ကန်တွေအများကြီးဖြစ်ကုန်ပြီ ။ မအူပင်မြို့နယ်ထဲတင် ဧက ထောင်ချီရှိတယ် ။ ဒါတွေကရော တရားဝင်ခွင့်ပြုပေးထားတာလား။ တောင်သူတွေ ကျတော့ ကန်သင်းပြင်တာတောင်ပေကျော်လို့ သတိပေးခံရတယ် “ဟု မအူပင်မြို့နယ်မှ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လယ်ယာမြေရောင်ချခြင်းကို အုပ်ချုပ်ရေးမှူးများမှ တားမြစ်ထားပြီး စိုက်ပျိုးရေ လုပ်ငန်းမှ အရှုံးပေါ်၍ ပေါက်စျေးထက်လျော့ရောင်းချိန်တွင် အုပ်ချုပ်ရေးမှူးများက ပွဲးစားလုပ်ကာ လုပ်ငန်းရှင်များထံ ရောင်းချပြီး ကန်တူးဖော်သည့်အထိ တာဝန်ယူပေးထားကြောင်း ဒေသခံများထံမှသိရသည်။

” အခု ခင်မျာလယ်ရောင်းချင်လား ရတယ် ။ ဒါပေးမဲ့ သူတို့ကိုချိတ်ရတယ်။ ပြီးရင် ပွဲခအနေနဲ့ တစ်ဧက တစ်သိန်းကျော် တောင်သူကလည်းပေးရသလို ဝယ်တဲ့တရုတ်ကလည်းပေးရတယ် ။ ဒါမျိုးကျတော့ အုပ်ချူပ်ရေးမှူက ကန်ဖြစ်တဲ့အထိလိုက်လုပ်ပေးတယ် တောင်သူက ကန်တူးမယ်ဆို အခြားအသုံးပြုတာဆိုပြီး မရဘူး” ဟုမအူပင်မြို့နယ်မှ ဒေသခံတောင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မအူပင်ခရိုင်အတွင်းရှိ မအူပင် ၊ ပန်းတနော်၊ညောင်တုန်း မြို့နယ်အတွင် စစ်ကောင်စီလက်အောက်ခံများ တူဖော်ခွင့်ပေးထားသော ကန်ဧက ပေါင်းမှာ တစ်နှစ်လျှင် ဧက တစ်ထောင်ကျော်အထိရှိနေပြီး အများစုမှာ လန၃၉ မကျသေးသော ကန်များဖြစ်နေကြောင်းဒေသခံများက ပြောသည်။

#စစ်ကောင်စီ #လက်ထက် #မအူပင်ခရိုင် #လယ်မြေဧကထောင်ချီ #ငါးကန်များတူးဖော်ခွင့်ပြု
#Ayeyarwaddy_Times