ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

NLD ပါတီ နာယက သူရဦးတင်ဦး‌ရုပ် အလောင်းကို ယနေ့ နေ့လယ် တစ်နာရီက ရေဝေးသုသာန်ပို့ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် ၅၄ ရှေ့ကနေ ဖြတ်သန်းသယ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁ ရက်နေ့တွင် ကွယ်လွန်သွားသော NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်အလောင်းကို အမှတ်(၃၀)၊ ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်တွင်ထားရှိပြီး ရေဝေးသုသာန်သို့ပို့ဆောင်ပြီး ဂူသွင်းမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကဖြစ်သူ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်သူ ဦးတင်ဦးသည် ဇွန် ၁ ရက်နေ့ စနေနေ့ မနက် ၈ နာရီကျော်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် နာရေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီးဒေါ်ချိုချို လာရောက်ခဲ့ပြီး နိုင်ငံရေးအင်အားစုများနှင့် သူရဦးတင်ဦးကို ချစ်ခင်လေးစားသူများက လိုက်ပါပို့ဆောင်ကြသည်။

သူရဦးတင်ဦးသည် သေဆုံးချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-နာရေးကူညီမှုအသင်း
#NLD #နာယက #သူရဦးတင်ဦး #ခြံအမှတ်၅၄ #ဒေါ်အောင်ဆန်းစုကြည် #Ayeyarwaddy_Times