ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
မလေးရှားနိုင်ငံက လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဉက္ကဌ တာဝန်ယူတဲ့အခါ အာဆီယံရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ မြှင့်တင်ရာမှာနဲ့ မြန်မာ့အရေး အပါအဝင် အကျပ်အတည်းတွေကို နိုင်ငံတ ကာက တုံ့ပြန်ရာမှာ ဦးဆောင်မှုပြုဖို့ ကုလသမဂ္ဂက မျှော်လင့်နေပါတယ်။
အင်္ဂါနေ့က ကွာလာလမ်ပူမြို့တော်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံစဉ် လူ့အခွင့်အရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် နာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှာဖြစ်စဉ်အပြီး ၃ နှစ်အကြာမှာ အိုးအိမ်စွန့်ခွာရသူအရေအ တွက်ဟာ ၃ သန်းကျော် ရှိလာခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ သိသိသာသာ လိုအပ်နေကာ ပြည် သူတွေက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်ချက်စွန့်လွှတ်ရတယ်လို့ သူက ပြောပါတယ်။
မလေးရှားနိုင်ငံက စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီး မြန်မာဒုက္ခသည်တွေကို လက်ခံထားတယ်လို့ ၎င်းက ဆိုပါတယ်။
“မြန်မာဒုက္ခသည်တွေအပြင် မလေးရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ကျွန်တော် ဆွေးနွေးရာမှာ မြန် မာ့နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို အာဆီယံအဖွဲ့က ဖြေရှင်းပေးဖို့ ကြီးမားသော မျှော်လင့်ချက်တွေ ရှိ နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အနာဂတ်မှာ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမယ့် မလေးရှားနိုင်ငံရဲ့ အခန်း ကဏ္ဍက အရေးပါလိမ့်မယ်လို့ မလေးရှားခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗော်လ်ကာတပ်ခ် က ပြောပါတယ်။
ကိုးကား – Bernama
Ref; UN praises Malaysia’s leadership in strengthening Asean human rights agenda, urges action on Myanmar crisis
#Ayeyarwaddy_Times