ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

မြန်မာအကျပ်အတည်း ၃ နှစ်အတွင်း ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အ ခြေအနေဟာ ဆက်လက်ပြီး ဆိုးရွားနေပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ပြီးခဲ့တဲ့တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူအရေအတွက်ဟာ ၁၇ ဒသမ ၆ သန်းမှ ၁၈ ဒသမ ၆ သန်းအထိ မြင့်တက်လာခဲ့ပြီး စစ်ရှောင်ဦး ရေဟာ ၁ ဒသမ ၈ သန်းမှ ၃ သန်းအထိ နှစ်ဆ တိုးလာခဲ့ကာ လူငယ်တွေနဲ့ ကလေးငယ်တွေဟာ ဘေး ဒဏ်ခံရဆုံးသူတွေဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှ ကလေးငယ်တွေဟာ စစ်ရှောင်ရမှု၊ ပညာရေးအဟန့်အတား၊ ဒဏ်ရာရရှိမှု၊ စား နပ်ရိက္ခာမဖူလုံမှုနဲ့ စစ်ကျန်လက်နက်တွေရဲ့ဒဏ်ကို ကြုံနေရပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိ ကန် အမြဲတမ်းကိုယ်စားလှယ် လင်ဒါသောမတ်ဂရင်းဖီးက ပြောပါတယ်။

“မြန်မာကလေးငယ်တွေရဲ့ အကြမ်းဖက်မှုဘေးဒဏ် ရင်ဆိုင်နေရပြီး ပဋိပက္ခအကျိုးဆက်တွေနဲ့ ဆယ်စုနှစ်ချီ နေထိုင်ရနိုင်ပါတယ်။ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကျွန်မတို့ ဦးစား ပေးရပါမယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ ဒီမိုကရေစီပိုဆန်သော အနာဂတ်ဖြစ်လာရေး ​ဦးဆောင်နေ တဲ့ အထူးသဖြင့် လူငယ်ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို အပြည့်အဝ အားပေးရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မကြာသေးမီက မြန်မာစစ်ကောင်စီဟာ ၂၀၁၀ ခုနှစ် စစ်မှုထမ်းဉပဒေကို အကောင်အထည်ဖော် ကာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းရေး အဆိုပါဉပဒေကို အသုံးချနေတယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက အားနည်းတဲ့လူမျိုးစုတွေကို အားသာချက်ယူပြီး လူသစ်စု ဆောင်းလို့ ကြောက်ရွံ့မှု၊ မယုံကြည်မှုနဲ့ အကြမ်းဖက်မှုတွေသာ ဖြစ်စေပါတယ်” လို့ သံအမတ်ကြီး သော မတ်ဂရင်းဖီးက ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ အရပ်သားအားလုံးကို ကာကွယ်ပေးရေး ဉီးစားပေးဖို့နဲ့ လိုအပ်သူတွေထံ လူသားချင်းစာနာမှုအကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ မြန် မာစစ်တပ်နဲ့ အဖွဲ့အစည်းအားလုံးကို ကျွန်မတို့ တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်ကြား ရခိုင်ပြည်နယ်က ဆိုးရွားလာသော အခြေအနေကို သတိ နဲ့ စောင့်ကြည့်နေကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း မြန်မာစစ်ကောင်စီဟာ ၂၀၂၂ နဲ့ ၂၀၂၃ နှစ် နှစ်ပေါင်းထက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒီနှစ်စနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ တိုင်းပြည်တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု ၁၀၀၀ နီးပါး လုပ်ဆောင်ခဲ့လို့ တစ်ရက်လျင် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်လျင် တစ်ကြိမ်ကို ရခိုင်ပြည်နယ်မှာ လုပ်ဆောင်ခဲ့ပြီး ရိုဟင် ဂျာတွေဟာ အကြမ်းဖက်မှုဒဏ်ကို ခံနေရပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့အညီ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုကို အမေရိကန်နိုင်ငံက ထောက်ခံကြောင်း၊ အားလုံးပါဝင်သော အဖြေရှာမှုနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အရေးယူမှုကသာ ကြောက်မတ် ဖွယ်ရာ မြန်မာပဋိပက္ခအတွက် ငြိမ်းချမ်းသောအဖြေရှာနိုင်မယ်လို့ သူက ပြောပါတယ်။

ကိုးကား – VOA
Ref; The Worsening Crisis in Burma

#Ayeyarwaddy_Times