
ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီး ကျောင်းကို စစ်ကောင်စီက ယမန်နေ့တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး လေးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၀ နီးပါးရှိကြောင်း သိရသည်။
မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ စစ်ရှောင်များရှိသည့် ကံမြင့်ကုန်း ဘုန်းကြီးကျောင်းကို ယမန်နေ့ ဇွန် ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကံမြင့်ကျောင်းက စစ်ရှောင်ကလေးတွေ စာသင်နေ တဲ့ကျောင်းလေးပါ။ စာသင်နေချိန် ဗုံး ၂နှစ်လုံးကြဲခံရတာ။ ကလေးတွေထိကုန်တာပေါ့ဗျာ။ အပိုင်းပိုင်းအစစတွေ ဖြစ်ကုန်တာ။ သေတာလေးဦး ပြင်းထန်ထိခိုက်ထားတာ ၂၀ နီးပါးအထိရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ များမှာ အသက် (၆၀) အရွယ် အဘွားအိုတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် အသက် (၄ ) နှစ်ဝန်းကျင်အရွယ် ယောက်ျား လေးတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ရုပ်အလောင်းများကို မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်း ကင်းမြို့နယ်၊ တောမရွာရှိ မင်္ဂလာပွဲတစ်ခုကိုပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ သည့်အတွက် ကလေးများအပါအဝင် သေဆုံးသူ ၃၀ နီးပါးအထိရှိကြောင်း သိရသည်။
ပုံစာ -ကံမြင့်ဘုန်းကြီးကျောင်းနှင့် မြိုင်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပုံနှင့် မင်းကင်း မြို့ တောမရွာ မင်္ဂလာပွဲ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်တွေ့ရစဉ်
#မကွေး #မြိုင် #ကံမြင့်ဘုန်းကြီးကျောင်း #စစ်ကောင်စီ #လေကြောင်း #ပေါင်၅၀၀ဗုံးကြဲ #ကလေးငယ် #အမျိုးသမီး #၄ဦးသေဆုံး #Ayeyarwaddy_Times