
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
အမေရိကန် ဒုတိယသမ္မတ ကာမာလာဟားရစ်ဟာ ဒီလနှောင်းပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မယ်လို့ အိမ်ဖြူတော်က ပြောပါ တယ်။
အိမ်ဖြူတော်က တနင်္လာနေ့မှာ အခုလို ကြေညာခဲ့တာဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံကို ကိုယ်စားပြုပြီး ကာမာလာဟားရစ်နဲ့အတူ တက်ရောက်မယ်လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံက အကြံပြုတဲ့ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ် ဖြစ်မြောက်လာရေး ရည်ရွယ်ကာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ပြုလုပ်ဖို့ စီစဉ် ထားပါတယ်။
ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေ ရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တောင်းဆိုနေပါတယ်။
သူ့ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ရန်ပုံငွေကောက်ခံဖို့ ဂျိုးဘိုင်ဒင်ဟာ ဇွန် လ ၁၅ ရက်မှာ လော့အိန်ဂျလိစ်မြို့က အခမ်းအနားတစ်ခုမှာ ရှိနေမယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
ဂျိုးဘိုင်ဒင်က ရန်ပုံငွေကောက်ခံပွဲကြောင့် ယူကရိန်းဆိုင်ရာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို မေ့လျော့နေခြင်း ဟုတ် မဟုတ် သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို အိမ်ဖြူတော် အမျိုးသားလုံခြုံ ရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက တုံ့ပြန်ခဲ့ပါတယ်။
“ကမ္ဘာပေါ်မှာ သမ္မတ ဂျိုးဘိုင်ဒင် ထက်ပိုပြီး ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီခဲ့တဲ့ ခေါင်းဆောင်မရှိခဲ့ ဖူး” လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; US Vice President Harris will attend Swiss peace summit, White House says
#Ayeyarwaddy_Times