
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
တင်းမာမှုတွေ ဖြေလျှော့ဖို့ရည်ရွယ်တဲ့ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံကြား သဘောတူညီချက် ကို အပြည့်အဝ ရပ်ဆိုင်းဖို့ တောင်ကိုရီးယားနိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားဘက်သို့ လွှတ်တင်ပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာပါ။
နှစ်ဦးနှစ်ဖက် ယုံကြည်မှု ပြန်လည်ရရှိချိန်အထိ သဘောတူညီချက်ကို ရပ်ဆိုင်းဖို့ တောင်ကိုရီး ယား အမျိုးသားလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အဆိုပါ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားအစိုးရက လက် မှတ်ထိုးခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှစတင်ကာ အမှိုက်တွေ၊ အညစ်အကြေးတွေ ထည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားနိုင်ငံဘက်သို့ လွှတ်တင်ကာ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ဝါအတွင်းရှိ GPS အချက်ပြစနစ်တွေကို အနှောင့်အယှက် ပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေက တောင်ကိုရီးယားနိုင်ငံသားတွေအတွက် တစ်ကယ့် အန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်စေခဲ့ပြီး စစ်တပ်ရဲ့ အသင့်ဖြစ်မှုကို သက်ရောက်စေခဲ့တယ်လို့ သမ္မတ ရုံးက ပြောပါတယ်။
သဘောတူညီချက် ဆိုင်းငံ့လိုက်တာကြောင့် တောင်ကိုရီးယားစစ်တပ်က နှစ်နိုင်ငံကြား စစ်နယ် နိမိတ်လိုင်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ကာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို မဆိုင်းမတွ တုံ့ပြန်လာနိုင်မယ်လို့ သမ္မတရုံးက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးအကြိမ် စစ်ဘက်ဂြိုဟ်တုတစ်လုံး အောင်မြင်စွာ လွှတ်တင် ပြီးနောက် တောင်ကိုရီးယားက စာချုပ်ပါအစိတ်အပိုင်းအချို့ကို ရပ်ဆိုင်းခဲ့ပါတယ်။
သဘောတူညီချက်ကို လိုက်နာစရာမလိုတော့ဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာပြီး တုံ့ ပြန်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; South Korea to fully suspend military pact with North Korea
#Ayeyarwaddy_Times