ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

အိမ်မဲမြို့တွင် စည်ပင်ဝန်ထမ်းများမှ ဆိုငကယ်ယာဉ်လိုင်စင်များကို ဖမ်းဆီးစစ်ဆေးပြီ ဘီးခွန်များဒဏ်ရိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

မြောင်းမြခရိုင် ၊ အိမ်မဲမြို့တွင်မေလ မှစပြီးဆိုင်ကယ်ဦးထုပ်ဖမ်းဆီခြင်းအပြင် စည်ပင်ဝန်ထမ်းများမှ ယာဥ်လိုင်စင်များစစ်ဆေးကာ ဘီးခွန်းများဖမ်းဆီးဒဏ်ရိုက်နေကြခြင်း ဖြစ်သည်။

“အရင်ကဆို ဦးထုပ်ပဲဖမ်းတာ ဒါကလက်ခံလို့ရပါတယ်။ အခုက စည်ပင်က ယာဉ်ထိန်းရဲလိုလုပ်နေတာ ဆိုင်ကယ်တွေတားတယ် ပြီးရင် ယာဉ်လိုင်စင်ပြခိုင်းတယ် လိုင်စင်မပါတာတို့ သက်တမ်းကျော်တာတို့ဆို ချလံဖြတ်ပြီးဒဏ် ၅၀၀၀ ရိုက်ပါတယ် “ဟု အိမ်မဲမြို့နယ်ရှိဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စည်ပင်မှ ယာဉ်ထိန်းရဲများကဲ့သို့ ဖမ်းဆီနေသောကြောင့် တစ်ရက်လျှင် ဆိုင်ကယ် အစီး ၃၀ ကျော်အထိ ဒဏ်ရိုက်ခံနေကြရကြောင်း ဒေသခံများက ပြောသည်။

“ဒီကောင်တွေက ဖမ်းတာက ပေါ်တင်မဟုတ်ဘူး ။ ရဲတွေဆို ဦးထုပ်ဖမ်းတယ်၊စည်ပင်က လိုင်စင်စစ်မယ် လို့ ဘယ်သူမှမထင်ဘူးလေ ဖြတ်တော့မှတားပြီဖမ်းတာ ကုန်စျေးနှုန်းတွေတတ်နေတဲ့ကြားထဲ သူတို့က ပြည်သူဆီကနည်းအမျိုးမျိုးနဲ့ ငွေညှစ်နေကြတာ “ ဟုအိမ်မဲမြို့နယ်ရှိ အသက်၄၀ ကျော်ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်ထက်အတွင် ပြည်သူများသည် နည်းလမ်းမျိုးစုံဖြင့် အခွန်းထမ်းဆောင်နေရပြီ ယာဥ်လိုင်စင်များ စစ်ဆေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ဖမ်းစီးခြင်းအပြင် စည်ပင်ကပါ ဘီးခွန်းများထပ်မံဖမ်းဆ်ီး ပေးဆောင်ခိုင်းနေသည့်အတွက် ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

#အိမ်မဲမြို့တွင် #စည်ပင်ဝန်ထမ်းများမှ #ဆိုင်
ကယ်များကိုဖမ်းဆီးစစ်ဆေးပြီ #ဘီးခွန်ဒဏ်
ရိုက် #Ayeyarwaddy_Times