ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ညှိနှိုင်းဆောင်ရွက် ကြဖို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်းသံတမန်တစ်ဉီးက တောင်းဆိုခဲ့ပြီး မြန်မာစစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် ကြန့်ကြာအောင် ပြည်တွင်းပဋိပက္ခကို အသုံးချနေတယ်လို့ စွပ်စွဲလိုက်ပါ တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်ဟာ နယူးယောက်မြို့မှာ ကုလသမဂ္ဂ တာ ဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။

ရိုဟင်ဂျာ ၁ ဒသမ ၃ သန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်လျက်ရှိကြောင်း၊ အများစုဟာ ၂၀၁၇ ခု နှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲ့သူတွေဖြစ်ကြောင်း၊ ၂၀၂၀ ပြည့် နှစ်နှောင်းပိုင်းမှာ ရိုဟင်ဂျာ ၃၅၀၀၀ ကို ဘာဆန်ရှားကျွန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဟတ်ဆန်မာမွတ် က ပြောပါတယ်။

“မြန်မာနိုင်ငံက လက်ရှိပဋိပက္ခဟာ အသစ်မဟုတ်လို့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် ကြန့်ကြာစေတဲ့ ဆင်ခြေတစ်ခုအဖြစ် အသုံးချဖို့ စစ်ကောင်စီကို အခွင့်အလမ်းတစ်ခု မပေးသင့်ပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့နဲ့ တွေ့ဆုံရာမှာ သူက ပြောပါ တယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် နှောင့်နှေးတာကြောင့် လူမှောင်ခိုကူးမှု၊ မူးယစ်မှောင် ခိုမှုနဲ့ အကြမ်းဖက်မှုတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှုမျိုးစုံ ဖြစ်ပွားလာခဲ့ တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လက်ရှိဉက္ကဌ ဒင်းနစ်ဖရန်စစ်နဲ့ တွေ့ဆုံရာမှာ သူက ရှင်းပြ ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီနဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၅၀ ဉီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုကို နေရပ်ပြန်ပို့ခဲ့ပြီး အ ချို့ကို ပြန်ပို့ဖို့ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီနဲ့ တွေ့ဆုံစဉ် ဟတ်ဆန်မာမွတ်က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ အုပ်စုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထိခိုက်သေ ဆုံးမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ အလားတူဖြစ်စဉ် ထပ်မံမဖြစ်ရအောင် ကြိုတင်တားဆီးဖို့ လိုအပ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – Anadolu
Ref; Bangladesh calls for UN push to solve Rohingya crisis amid efforts by Myanmar to stem criticism

#Ayeyarwaddy_Times