ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

အိန္ဒိယနိုင်ငံမှာ မေလအတွင်း အပူချိန် ၄၅ ဒီဂရီဆဲစီးယပ်စ်ရှိခဲ့ရာ ပြင်းထန်သော အပူလှိုင်း ကြောင့် လူပေါင်း ၄၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အနောက်ပိုင်းရှိ ရာဂျာစသန်ပြည်နယ်မှာ အပူချိန်ဟာ ၅၀ ဒသမ ၅ ဒီဂရီဆဲ စီးယပ်စ်အထိ ရောက်ရှိခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။

အပူလျှပ်ခြင်းနဲ့ အခြားအခြေအနေတွေကြောင့် ဆေးရုံတက်ခဲ့ရတဲ့သူတွေဟာ အကြောဆေး ချိတ်တာနဲ့ အခြားကုသမှုတွေ ခံယူနေရတယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

ဧပြီလ ၁၉ ရက်ကတည်းက အိန္ဒိယနိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအတွက် တာဝန်ပေးထားတဲ့ ရွေးကောက်ပွဲဝန်ထမ်းတွေရဲ့ အပူချိန်ကြောင့် သေဆုံးတဲ့သတင်းတွေကိုလည်း မီဒီ ယာတွေက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒက်ရှ်ပြည်နယ်မှာ စနေနေ့က သံသယဖြစ်ဖွယ်ရာ အပူလျှပ်မှု ကြောင့် ရွေးကောက်ပွဲဝန်ထမ်း ၃၃ ဦး သေဆုံးခဲ့ပါတယ်။

နေပူထဲမှာ အချိန်အကြာကြီးရှိတဲ့သူ သို့မဟုတ် နေပူထဲမှာ ပင်ပန်းသောအလုပ် လုပ်ကိုင်ရသူ တွေဟာ အပူချိန်ကြောင့် ဖျားနာမှုလက္ခဏာတွေ ခံစားရနိုင်တယ်လို့ မိုးလေဝသဌာနမှ တာဝန်ရှိသူတွေ က သတိပေးပါတယ်။

ကိုးကား – NHK
Ref; Heat waves in India killed 46 people in May, including poll officials

#Ayeyarwaddy_Times