ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

မူဆလင်အများစုနေထိုင်ရာ မော်လ်ဒိုက်နိုင်ငံမှာ ဂါဇာဒေသ အစ္စရေး-ဟားမာစ်စစ်ပွဲနဲ့ပတ်သက် လို့ အမျက်ဒေါသတွေ မြင့်တက်လာလို့ မော်လ်ဒိုက်အစိုးရက အစ္စရေးခရီးသွားတွေကို ဇိမ်ခံအပန်းဖြေ ကျွန်းအဖြစ် လူသိများတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းက အဆိုပါကျွန်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်တော့မယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို ပိတ်ပင်ဖို့နဲ့ လုပ်ငန်းစဉ်ကြီးကြပ်မယ့် ဆပ် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ဉပဒေတွေကို ပြင်ဆင်ဖို့ မော်လ်ဒိုက်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတရုံး က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်ဖို့နဲ့ ငွေကြေးမတည်မှု အစီအစဉ်စ တင်ဖို့ မော်လ်ဒိုက်သမ္မတ မိုဟာမက်မူအီဇူက အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်မယ်လို့ သမ္မတရုံးက ဆိုပါတယ်။

ပြည်ပ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေနဲ့ မော်လ်ဒိုက်နိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ စဉ်း စားနေသူတွေ အပါအဝင် အစ္စရေးနိုင်ငံသားတွေ မော်လ်ဒိုက်သို့ သွားရောက်လည်ပတ်တာ ရှောင်ကြဉ် ကြဖို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုရန်မာမိုစတိန်းက ပြောပါတယ်။

မော်လ်ဒိုက်နိုင်ငံသို့ မသွားရောက်ဖို့ အကြံပြုချက်ထဲမှာ နှစ်နိုင်ငံသားခံယူထားတဲ့ အစ္စရေးလူမျိုး တွေလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

“မော်လ်ဒိုက်နိုင်ငံတွင်း ရောက်ရှိနေတဲ့ အစ္စရေးနိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ အကြံပြု ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်လ်ဒိုက်နိုင်ငံက ဖိအားရှိနေတာကြောင့် အစ္စရေးက မော်လ်ဒိုက်ကို ကူညီပေးဖို့ ခက်ခဲပါလိမ့်မယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

၂၀၂၃ ခုနှစ်က အစ္စရေးခရီးသွား ၁၁၀၀၀ နီးပါး မော်လ်ဒိုက်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ မော်လ်ဒိုက်သို့ လည်ပတ်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား စုစုပေါင်းရဲ့ သုည ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ကိုးကား – VOA
Ref; Maldives to deny entry to Israelis over Israel-Hamas war

#Ayeyarwaddy_Times