ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂ ရက်

တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင် မြို့ အခြေစိုက် ခမရ (၄၀၈) တပ်ရင်း ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်သည် ကလိန်အောင်မြို့၊ အခြေစိုက် ခမရ (၄၀၈) တပ်ရင်းကို ပြီးခဲ့သည့် မေလ ၃၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် 40 MM ဗုံးသီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက ကျောက်ရှပ်ရွာအနီး ရေး -ထားဝယ် ပြည်ထောင် စုကားလမ်းမကြီး ပေါ်မှာနယ်မြေလုံခြုံရေးအတွက် ယာဥ်အသွားအလာတွေကို စစ်ဆေးနေတာ။ နာရီဝက် လောက်ပဲ စစ်ဆေးရသေးတယ်။သူတို့ ( စစ်ကောင်စီ)တပ်ရင်းထဲက နေလက်နက်ကြီး နဲ့ လှမ်းပစ်တယ်။ အပြင်ကိုတော့ ထွက်လာမရဲဘူး။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း အဲ့ဒီတပ်ရင်းထဲကို အနီးကပ် 40 MM ဗုံးသီး နဲ့ လေးချက် ပစ်ခဲ့တယ်။ တပ်ရင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံအချို့ပျက်စီးခဲ့တယ်။ စစ်ကောင်စီတပ်သား တွေလည်း သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်”ဟု ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံ ကိုလေဗွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး တပ်ရင်း ထဲက အဆောက်အအုံ အချို့ထိခိုက်ပျက်စီးကာ စစ်ကောင်တပ်သား တစ်ဦး သေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ ကာကွယ်ရေးတပ်(K.L.A. S.B.L.PDF) ၊ ကော်သူးလေအာမီ (KTLA) နှင့် ဒဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များ ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ကလိန်အောင် တပ်နယ်တွင် ခမရ (၄၀၈) ၊ ခမရ (၄၀၉) ၊ခမရ (၄၁၀) ခြေလျင်တပ်ရင်း ၃ ခုနှင့် ခလရ ၂၈၂ တပ်ရင်းတို့ရှိကြပြီး ထားဝယ် – ရန်ကုန် ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းသုံးခုသည် ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ မကြာခဏ ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံရကြောင်း သိရသည်။

ပုံစာ-ကလိန်အောင်မြို့ အခြေစိုက် ခမရ ၄၀၈ တပ်ရင်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့စဥ်။
#ကလိန်အောင်မြို့ #ခမရ၄၀၈တပ်ရင်း #PDFပူးပေါင်းတပ် #လက်နက်ကြီး #သွားရောက်ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times