
ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့်နေစဉ်မှာ ဉရောပတိုင်းပြည်တွေက ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှု တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်ဖို့ ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံ တန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီပေးမယ်လို့ ဆွီဒင်နိုင်ငံက ကြေညာခဲ့ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ အကြီးမားဆုံး စစ်ရေးအကူအညီထဲမှာ ဝေဟင် သို့မဟုတ် ပင်လယ်ပြင်အတွင်းရှိ ဝေးကွာသောပစ်မှတ်တွေကို ဖော်ထုတ်နိုင်တဲ့ ကင်းထောက်လေယာဉ်တွေ ပါဝင်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ကျဆုံးပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံက ယင်းသို့သော စစ်ရေးအကူအ ညီရရှိတာဟာ ပထမဆုံးအကြိမ်ဖြစ်လာမယ်လို့ ဗြိတိန်သတင်းစာ The Guardian က ဖော်ပြပါတယ်။
ဆွီဒင်နိုင်ငံက ထောက်ပံ့မယ့် ကင်းထောက်လေယာဉ်တွေဟာ ယူကရိန်းက မဟာမိတ်တွေထံမှ လက်ခံရရှိမယ့် F-16 ဂျက်တိုက်လေယာဉ်တွေထံ သတင်းအချက်အလက်တွေ ပေးပို့နိုင်တယ်လို့ သိရပါ တယ်။
ဆွီဒင်နိုင်ငံရဲ့ စစ်ရေးအကူအညီက အရေးကြီးတယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြခဲ့ပြီး ယူ ကရိန်းစစ်တပ်ဟာ ရေဒါစနစ်တွေနဲ့ လေပိုင်နက်ကို စောင့်ကြည့်နိုင်တော့မယ်လို့ ဆိုပါတယ်။
ယူကရိန်းသို့ ဒေါ်လာ သန်း ၅၄၀ တန်ကြေးရှိ စစ်ရေးအကူအညီသစ် ထပ်မံ ပေးအပ်မယ်လို့ ဂျာ မနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပက်စတိုးရီးယပ်စ်က ကြေညာခဲ့ပါတယ်။
ဂျာမနီက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ ဒုံးခွင်းစနစ်၊ ပင်လယ်နက်အတွင်း ကင်းထောက်မစ်ရှင်တွေအတွက် ဒရုန်းတွေနဲ့ ထောက်ပံ့ပြီးဖြစ်တဲ့ လက်နက်ကြီးစနစ်တွေအတွက် အပို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
ကိုးကား – NHK
Ref; European countries providing additional military aid to Ukraine
#Ayeyarwaddy_Times