ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်မှ သြဂုတ်လ ၅ ရက်နေ့က စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် စစ်ကောင်စီတပ်သား ၄ ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း KPDF က သတင်းထုတ်ပြန်ထားသည်။
အလောင်းလာကောက်သည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်များမှ လက်နက်ကြီး(၆၀မမ) များဖြင့် ထပ်မံတိုက်ခိုက်ရာ ဒဏ်ရာရသူများ များပြားခဲ့ပြီး ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထို့နောက် ခရစ်ယာန်ဘုရားကျောင်းအတွင်း ပြေးဝင်တပ်စွဲလာသော စစ်ကောင်စီတပ်များကို KPDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ နာရီဝက်ခန့်ဖြစ်ပွါးခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ယမန်နေ့ရက်စွဲဖြင့် KPDF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KPDF