ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

နေတိုးအဖွဲ့က ပဋိပက္ခတာရှည်အောင် ယူကရိန်းနိုင်ငံကို တွန်းပို့ပေးနေတယ်လို့ ရုရှားသမ္မတရုံး က မေလ ၃၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ယူကရိန်း အာဏာပိုင်တွေဟာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ ရု ရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းကို အနောက်နိုင်ငံထုတ် စစ်လက် နက်တွေ အသုံးပြုခွင့်မရအောင် ပိတ်ပင်ထားတာတွေ ရုတ်သိမ်းဖို့ တောင်းဆိုမှုတွေရှိနေချိန် ချက်နိုင်ငံ၊ ပရာဟာမြို့တော်မှာ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ အခုလို မှတ်ချက်ပြုခဲ့တာပါ။

“နေတိုးအဖွဲ့ဝင်တွေ၊ အမေရိကန်နိုင်ငံနဲ့ ဥရောပတိုင်းပြည်တွေဟာ မကြာသေးမီရက်တွေအ တွင်း တင်းမာမှုတွေ ပိုမို ပြုလုပ်လာပါတယ်” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ် က ပြောပါတယ်။

“ဒီအသိဉာဏ်မဲ့စစ်ပွဲ တာရှည်အောင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို နည်းလမ်း ပေါင်းစုံနဲ့ တွန်းပို့ပေးနေပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းက အမေရိကန်နိုင်ငံကို တွန်းအားပေးနေပါတယ်။

ရုရှားနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်လို့ ယူကရိန်းကို နယ်စပ်တွေမှာ အနောက်နိုင်ငံ တွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ အမေရိကန်နဲ့ဂျာမနီက ငြင်းဆန်ခဲ့ပါ တယ်။

ကိုးကား – Hurriyet Daily
Ref; Kremlin says NATO ‘provoking’ Ukraine to prolong conflict

#Ayeyarwaddy_Times