
ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ဖနောင်ပင်မြို့တော်က အရေးပါသော လမ်းမကြီးတစ်ခုကို ရှီကျင့်ဖျင်လမ်းအဖြစ် နာမည်ပြောင်း လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။
လမ်းမကြီး အမည်ပြောင်းပွဲအခမ်းအနားမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့အတူ တ ရုတ်သံအမတ်ကြီး ဝမ်ဝန်ကျင်းလည်း တက်ရောက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်သောအားဖြင့် လမ်းမကြီးကို နာမည်ပြောင်းတာလို့ ဟွန်မာနက်က ပြောကြားခဲ့ပါတယ်။
ကီလိုမီတာ ၅၀ ခန့်ရှည်လျားတဲ့ ဖနောင်ပင်မြို့တော်ရဲ့ မြို့ပတ်လမ်းဟာ ဖနောင်ပင်မြို့တော်နဲ့ ဒေသတွင်းမြို့တွေကို ဆက်သွယ်ပေးပြီး တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်ခဲ့ပါတယ်။
မြို့ရှောင်လမ်း နာမည်ပြောင်းတာဟာ မကျိုးပျက်နိုင်သော အဆင့်တစ်ခုကို ရောက်ရှိလာတဲ့ နှစ် နိုင်ငံကြား နီးကပ်သော ချစ်ကြည်ရင်းနှီးမှုသမိုင်းကို ဖော်ပြနေတာလို့ ကမ္ဘောဒီးယားနိုင်ငံပိုင်မီဒီယာတွေ က ဖော်ပြပါတယ်။
မော်စီတုန်းလမ်းမကြီးပြီးပါက ဒါဟာ တရုတ်ခေါင်းဆောင်တစ်ဉီးကို ဂုဏ်ပြုပြီး နာမည်ပြောင်းခဲ့ တဲ့ ဖနောင်ပင်မြို့တော်က ဒုတိယမြောက်လမ်းမဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Cambodia names major road for Xi Jinping
#Ayeyarwaddy_Times